ဝါသနာ ဆန္ဒ အရရေးသားခြင်းဖြစ်ပြီး အများအတွက် အကျိုးတစ်ခုခုတော့ ရှိစေရန်ရည်ရွယ်ပါသည်

Latest

ပစ္စက္ခ ရဲ့ တဒင်္ဂ လွင့်မျောရာ

တွေဝေနေတဲ့အခိုက်အတန့်လေးမှာ

အသိတရားကို ကြိုးစားလို့ ထိန်းချုပ်ထားဟေ့

အမှန်တရားဆိုတဲ့အလင်းကို

ကြီးမားတဲ့အမိုက်မှောင်ကလွှမ်းမိုးထားသလား

အရှိန်အ၀ါတွေရဲ့ ဖိစီးမှုအောက်က

ရုန်းထွက်လွတ်မြောက်ရအောင်ဟေ့

နှလုံးသားတောင်းဆိုသမျှ

ဦးနှောက်ရဲ့ ညှာတာကင်းမဲ့ ဆုံးဖြတ်ချက်အောက်မှာ

အမြဲတိမ်မြုပ်နေသွားသင့်တယ်လား

ကြိတ်မှိတ်လို့နေရတာဘဲ

စွန့်ဝံ့တယ်ဆိုပေမယ့်

အခြေအနေကသတိတဲ့

ဆန္ဒတွေ သောင်းပြောင်း

စိတ်တွေလေမှာလွင့်မျောလို့

အတွေးအခေါ်မဲ့များနေပြီလား

ဆန်းစစ်ကြည့်ပါဦးကွယ်

ရှုပ်ထွေးမှုကပိုလို့ နက်နဲစေ

တည်ငြိမ်ရက်နဲ့ မုန်တိုင်းထန်နေပြီ

အံကြိတ်လို့ မျိုသိပ်နေရတယ်

ပြောလို့တော့မရဘူး

မထင်မှတ်ဘဲဖြစ်သွားတတ်တာအများကြီး၊။

အဆုံးအစမသိရတဲ့ အနေအထားမှာ

တွေဝေမှုက မိုက်မဲစေသလား

လွင့်ပါးလို့သွားပြန်ပြီဟေ့

မသိလို့တော့မဟုတ်

မတတ်နိုင်တာဘဲလား

ပြောပြမတတ်တော့ဘူးကွယ်

ကံကြမ္မာကိုဘဲအပြစ်ဖို့နေရမှာလား

ဆုံးရှုံးသွားပြီလား…….

ဟုတ်တော့ ဟုတ်သလိုဘဲ

ဒါဆိုရင်လည်းအဆုံးဆိုတာရဲ့ ဟိုး …..တစ်ဖက်မှာပေါ့

မျှော်လင့် မရဲဘူးကွယ်

ရင်ထဲတလှပ်လှပ်နဲ့

အသည်းထိတ်နေမိတယ်ကွာ

အခြေအနေကလျော့တိလျော့ရဲနိုင်လွန်းတယ်

စိတ်နှလုံးဒုံးဒုံးချလို့

ပြတ်သားပြရဲလားဆိုတော့လည်း

ခံစားမှု ကင်းမဲ့သွားသလိုဘဲ

ဘယ်လိုလည်း

ဘယ်လိုမှန်းလည်း

မသိတော့ဘူး

အလင်းရောင်ကမှိန်ဖျော့ဖျော့နဲ့

အမှောင်ထုထဲ

နစ်သထက်နစ်သွားမယ်ထင်ရဲ့

ဆောက်တည်ရာမရ ဖြစ်နေတာလား

ဟင့်အင်း

တိမ်ဖုံးနေလို့ မသာတဲ့ လ ပါ

ချမ်းမြေ့မှုတွေပျောက်ဆုံးလို့

သာယာမှုလည်းကင်းမဲ့

အလင်းရဲ့ တန်ဘိုး

ဘယ် နေရာဘယ်အချိန်လိုမျိုးမှ သိကြမှာလည်း

အဖြေရှာရင်း

ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေရဲ့နောက်မှာ

ဘယ်လိုဖြစ်နေမယ်ထင်လည်း

ဘယ်လိုရှိနေမယ်ထင်လည်း

အကောင်းအဆိုးကတော့

ဒွန်တွဲနေမှာပါဘဲ

ဝေခွဲလို့မရတော့ဘူးကွယ်

ငါ စိတ်ကူးယဉ်လိုက်မိတယ်ပေါ့။

ခြင်္သေ့ အိပ်မက်

ကျွန်တော်နှစ်သက်သောကဗျာလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်
ရေးသူအမည်ကတော့ လင်းဝေ ပါ ခုနှစ်ကိုတော့ မမှတ်မိပါဗျ
မှတ်မိသူများရှိရင်လည်း ကူညီပြောပေးကြပါဦး

ခြင်္သေ့အိပ်မက်

မျှော်လင့်ချက်ကင်းစွာ
ဘယ်သူမနက်လင်းချင်မှာလဲ
မျက်နှာမသစ်ခင်
အပြစ်ဟောင်းများသတိရ
ဟေ့လူ …..နောင်တ ဆိုတာတရားဝင်ရဲ့လား။
အသန့်ရှင်းဆုံး ကလေးငယ်လိုပြုံးနိုင်ရင်
ရှုံးနိမ့်ခြင်းအတွက်
မျက်ရည်မလိုအပ်ပါ။
ဘဝတဲ့…….
ငါ့ဖို့ရေတစ်ခွက်
ငါ့လက်နဲ့ဘဲခပ်ရမယ်
တောင်ဝှေးမထောက် ဆေးပြားမသောက်ခင်အိမ်မက်
သိင်္ဂီရွှေခွက်နဲ့ထိုက်ရမယ်။
အလို ……..
ယုံကြည်ချက်ဆိုဘဲ
လူကိုအတောင်တပ်ပေးလိုက်ပေါ့။
ဘာယူမှာလဲ
ဘာပေးမှာလဲ
ခပ်ဝေးဝေးက မေးခွန်းလက္ခဏာ
အဲဒါ
အနာဂတ်ဖြစ်တယ်။

ကြိုတင်ပြင်ဆင်အောင်ပွဲဝင် အင်တာဗျူး စစ်မြေပြင်

အလုပ်ရဖို့အတွက် လူတွေ့နှုတ်မေး နှုတ်ဖြေ မေးတာတွေဖြေဆိုရတာဟာ
တစ်ကယ့်ကို ကြောက်စရာကောင်း သွေးလန့်စရာလို့တင်စားရင်လည်းမမှားပါဘူးနော်
သို့ပေမယ့်လည်း ဖြေဆိုရမယ့်သူကသာ မေးခွန်းရဲ့ အချက်အလက်တွေကို သိပြီးချက်ခြင်း တစ်ခွန်းမေး ၂ ခွန်းလောက် ဖြေနိုင်လောက်အောင် လေ့ကျင့်ထားတယ်ဆိုရင်တော့ ထင်သလောက် မခက်ခဲပါလားဆိုတာသိရမှာပါလေ။ Practice makes perfect လို့ ဆိုစကားရှိနေတာ အလကားမဟုတ်တန်လောက်ပါဘူးနော်။ ကန့်သတ်ထားတဲ့အချိန် ပိုင်းလေးအတွင်းမှာ ကိုယ်လိုချင် ရချင်တယ်လို့သတ်မှတ်ထားတဲ့ အလုပ် ကို ရဖို့ သေချာနေအောင်လို့ စီမံပြင်ဆင် လုပ်ဆောင်ထားသင့်တာလေးတွေ ဖြစ်တဲ့ အကောင်းဆုံး impression ရနေအောင် ဖြစ်နေအောင် လုပ်နိုင်ဖို့ အတွက် ဒီလို လုပ်ကြရအောင်ဗျာ။

ကြိုတင်စီမံလုပ်ဆောင်ခြင်း
အင်တာဗျူးခန်းမထဲ ကို ဘာမှကြိုတင်ပြင်ဆင်မှုလုပ်မထားဘဲ ၀င်သွားရတာလောက် ထိတ်လန့်စရာကောင်းတာမရှိဘူးဗျ။ ခင်ဗျား စိတ်ထဲမှာဘာမှလုံလုံလောက်လောက်ဖြစ်နေအောင် ပြင်ဆင်မထားမိဘူးလို့ တွေးမိခံစားမိနေပြီဆိုရင်တော့ ခင်ဗျားရဲ့ မျက်နှာရိပ် မျက်နှာကဲ ကို အင်တာဗျူးမယ့်သူတွေက ဖတ်မိသွားမယ်ဆိုရင် ဘယ်လိုဖြစ်သွားမယ် ဘယ်လိုရလဒ်တွေ ရလာနိုင်တယ်ဆိုတာ သိမှာပေါ့။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိခြင်း ကဒီအခြေအနေမှာ ခင်ဗျားကို နှစ်သက်လိုလားဖွယ် ပုံရိပ်တစ်ခု အဖြစ် မေးမယ့် မေးဖို့စောင့်ဆိုင်နေသူတွေက မြင်တာနဲ့ ကောက်ချက်ချနိုင်စေလောက်အောင် ဖြစ်သွားစေလိမ့်မှာအသေအချာဘဲဗျ။
အင်တာဗျူး ခံရမယ့်သူတွေကအခု ပြောမယ့်အချက်လေးတွေကိုတော့သေချာသိထားရမယ်ဗျ။
– အင်တာဗျူးလုပ် မယ့်နေရာ နဲ့ အချိန် တိတိကျကျ သိရမယ်
– အဲဒီနေရာကို မှန်မှန်ကန်ကန် ဘယ်လိုရောက်အောက်သွားရမလည်း သေသေချာချာသိထားရမှာဖြစ်သလို အခန့်မသင့်လို့ အကြောင်းတစုံတရာ ဖြစ်ပွားပေါ်ပေါက်ခဲ့သော် ဘယ်လိုနည်းနဲ့ သတ်မှတ်ထားတဲ့နေရာကိုရောက်အောင် သွားမလဲ ဆိုတာကြိုတင်တွေးတောစီစဉ်ထားရပါမယ်။
– လူတွေ့နှုတ်ဖြေ အင်တာဗျူးလုပ်ရမယ့်ပုံစံ ဘယ်လိုမျိုးဖြစ်နိုင်သလည်း တစ်ဦးချင်း အမေးအဖြေလုပ်မယ့်ပုံစံလား။ အုပ်စုလိုက်မေးမြန်းတာကိုဖြေဆိုရမယ့် ပုံစံလား။
– အင်တာဗျူးလုပ်နေချိန် ဘယ်လောက်ကြာနိုင်မလည်း။
– အတူပါအောင်ဆောင်ယူသွားရမယ့် စာရွက်စာတမ်းအထောက်အထားတွေ။ကိုယ်ရေးမှတ်တမ်း CV ရယ်။ အင်တာဗျူးကိုလာရောက်ဖို့ဖိတ်ခေါ်တဲ့စာရွက်ရယ်ပေါ့။

ဒုတိယခေါင်းစဉ်ငယ်လေးကိုဆက်မယ်ဗျာ
ကိုယ်ဟန်မူယာသွင်ပြင်အရေးပါပုံလေး
First impression လို့ ကျွန်တော်တို့ နှုတ်စွဲနေတဲ့ ( အစအဦးဆုံးအကြိမ်မြင်လိုက်ရပြီး စိတ်ထဲဦးနှောက်ထဲမှာ စွဲမြဲသွားစေခြင်း ) စကားလုံးလေးရဲ့ အဓိပ္ပါယ် က သိပ်အရေးကြီးတယ်နော် ကိုယ့် ကို ပထမဦးဆုံးအကြိမ်တွေ့လိုက်တာနဲ့ တစ်ခါတည်း အထင်တကြီးနဲ့ မှတ်မှတ်သားသားဖြစ်သွားစေဖို့ သိပ်လိုတာပေါ့ဗျာ။
လူအများစုဟာ( လူတိုင်းကိုတော့မဆိုလိုပါ )အစ အဦးဆုံး ကြုံတွေ့ဆုံလိုက်ကြရတဲ့ တဒင်္ဂ စကန့် ပိုင်းလောက်အချိန်လေးအတွင်းမှာ တစ်ဘက်သားအပေါ် ကိုယ့်ဘာသာအမှတ်ပေး အကဲဖြတ် ပြီး ဒီလူရဲ့ အဆင့်အတန်း ကို သတ်မှတ်ပေးပြီး ဒီအတိုင်း ယုံပစ်လိုက်ကြတတ်တယ်မဟုတ်လားဗျ။ ဒါကြောင့်မို့လို့ ခင်ဗျားဟာ တကယ့် အထက်တန်းလွှာက မွေးဖွားကြီးပြင်းလာသူလို သိမ်မွေ့ပြလိုက်စမ်းပါ ယဉ်ကျေးပြလိုက်စမ်းပါ။သေသေချာချာ ကမ်းလာတဲ့လက်တွေ ကို ပိုင်ပိုင်နိုင်နိုင်ဆွဲကိုင်ဆုပ်ယူလို့ အားရပါးရပြုံးပြနေလိုက်စမ်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခင်ဗျား ပြန်ထွက်သွားတာနဲ့ အခန်းထဲကျန်နေခဲ့တဲ့ အင်တာဗျူး မေးမြန်း နေသူတွေဟာ ခင်ဗျားအကြောင်း ပြောဖြစ်နေကြဖို့ သေချာစေမှာ မလွဲပါဘူးဗျ။
Gesture လို့ခေါ်တဲ့ body language ခင်ဗျားရဲ့ ပြောဆိုပြုမူပုံ လုပ်ရှားသွားလာပုံ ကိုယ်ဟန်အမူအယာတွေဟာ တမင်လုပ်ယူနေသလိုမျိုးမဟုတ်ဘဲ ပုံမှန်အနေအထား နေထိုင်လှုပ်ရှားသွားလာဆောင်ရွက်နေသလိုမျိုး ဖြစ်နေရမှာနော်။ အပြုအမူအပြောအဆို အားလုံး အားလုံးဟာ ခင်ဗျားဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းပြစွာနဲ့ ဆောင်ရွက်နေတဲ့ပုံဖြစ်နေရမှာပါ။ မျက်စိအကြည့် ဆုံနေပါစေ မလိုလားအပ်တဲ့ ဟိုယောင်ယောင်ဒီယောင်ယောင် ယောင်ခြောက်ဆယ်ပုံစံမျိုး ဘယ်တော့မှ အမြင်မခံရစေနဲ့။ ခင်ဗျားထိုင်နေတဲ့ ထိုင်ခုံပေါ်မှာပျင်းရိပျင်းတွဲ ပုံစံမျိုးနဲ့ ထိုင်မနေမိစေနဲ့ အဲဒါခင်ဗျားကို ပျင်းနေသလို စိတ်ဝင်စားမှုမရှိသလိုမျိုး သူတို့အမြင်မှာ ဖြစ်နေလိမ့်မယ်လေ။ နေဦး စိတ်အားထက်သန်လွန်းပြီး ကုလားထိုင်အစွန်းလေးမှာ လည်း မထိုင်မိစေနဲ့နော်။ သက်တောင့်သက်သာအနေအထားလေးဖြစ်နေပါစေ။ အင်တာဗျူးဆိုတာ ခင်ဗျားပြန်ဖြေတဲ့အဖြေသက်သက်ကိုဘဲ မူတည်ဆုံးဖြတ်မှမဟုတ်ဘူးဆိုတာသိထားပါ။ အလုပ်လျှောက်ထားသူ အခုမေးမြန်တာတွေခံနေရသူ ဟာ အားလုံးက တရစပ် မေးလာတဲ့မေးခွန်းတွေကို ပြန်ဖြေဆိုနေရင်း သူတို့နဲ့ စကားစမြည်ကောင်းကောင်းပြောဆိုလို့ရတဲ့ အနေအထားရအောင် ဖန်တီနိုင်ရင်တော့အတိုင်းထက်အလွန်ပေါ့ဗျာ။သူတို့က ခင်ဗျားဟာ သူတို့အဖွဲ့အစည်း သူတို့ကော်ပိုရေးရှင်း မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူ တွေနဲ့ အဆင်ပြေပြေဆက်ဆံပြီး ခင်ဗျားရဲ့ အတတ်ပညာအသိပညာစွမ်းရည်တွေနဲ့ အဖွဲ့အစည်းအတွက် ကောင်းကျိုးရလဒ်ကိုဘယ်လိုဖေါ်ဆောင်နိုင်ဖို့ သင့်တော်မှုအရှိဆုံးသူဆိုတာ သူတို့ သိသာယုံကြည်နိုင်ပါစေ၊

ဘာတွေများမေးမှာလည်း
လူတော်တော်များများကကြောက်ကြတယ် သူတို့မဖြေနီုင်မယ့်မေးခွန်းတွေမေးမှာကိုလေ၊တကယ်တမ်းကျတော့ ဒါကပြသနာမှမဟုတ်တာမှန်းသိနေကြပြီးသားပါ ဟုတ်တယ်မဟုတ်လား။ ခင်ဗျားတို့ကသာမေးနီုင်မယ်ထင်တဲ့ မေးခွန်းတွေကိုဖြေဆိုဖို့ သေချာလေ့ကျင့်ထားပီးဆိုရင်ပေါ့ဗျာ မေးမြန်းတဲ့သူတွေဘက်ကလည်း သူတို့ဟာ ကုမဏီက လစ်လက်သွားလို့ ဖြည့်ဆည်းပေးဖို့ခေါ်ထားတဲ့အထဲမှာ သူတို့ ဘက်က သေချာအောင်ကြိုးစားစိစစ်ထားတယ်လို့ ခံစားနေချင်မှာပေါ့ဗျာ
ခင်ဗျားဘက်ကလည်း ခင်ဗျားဖြေလိုက်တဲ့ အဖြေ လေးတွေ နဲ့ ခင်ဗျားဖြစ်ချင်တဲ့ဆန္ဒ ကိုပုံဖေါ်သွားချင်တာမဟုတ်လား၊
အဆိုးဆုံးကတော့ အင်တာဗျူးခံရသူက အခုလာဗျူးနေတဲ့ အလုပ်အကြောင်း ဘာ နကန်းတလုံးမှမသိဘူး ဆိုတာပေါ်ပေါက်သွားချိန် ပေါ့ အဲဒီထက်ဆိုးတာများရှိမယ်ထင်နေသေးလို့လား
ခင်ဗျားဟာ ဒီရာထူးဒီအလုပ်ကို တကယ်လိုလားလိုအပ်လိုချင်တယ်ဆိုရင်
မေးလာတဲ့မေးခွန်းတွေကို ချက်ခြင်းဖြေဆိုနီုင်ရဖို့ လုပ်ထားဗျ ခင်ဗျား အပင်ပန်းခံလေ့လာထားတာတွေက ဒီနေရာမှာ အထောက်အပံ့ဖြစ်စေမှာပေါ့ဗျာ။
ပြီးတော့ အင်တာဗျူးခံမယ့်သူတွေ အားလုံး
ဒါတွေကို သည်းခံ ဖြေဆိုတတ်ဖို့လိုတယ်နော်
• ဒီနေရမှာ လိမ်ညာဖို့ကိုတော့ နည်းနည်းလေးမှ စိတ်မကူးမိလေနဲ့နော့်။
• လိမ်ညာပြီးတော့အလုပ်တစ်ခုကိုရသွားပြီး အလိမ်ပေါ်တဲ့နေ့မှာ ခင်ဗျားကို ထွက်သွားလို့မောင်းထုတ်ခံရမှာပေါ့ဗျ
• အထူးပြောချင်တာကတော့ ခင်ဗျားဟာ ခင်ဗျားကို ဒီအလုပ် ဒီရာထူး ဒီနေရာမှာအလုပ်ခန့်ပေးဖို့ လုပ်နေကြတာဆိုတာကို အမြဲ ခေါင်းထဲမှာထားနော်။ ခင်ဗျား ပြုမူပြောဆိုသမျှ လုပ်ကိုင် လုပ်ဆောင်နေသမျှ မေးခွန်းတွေကို တုံ့ပြန်ဖြေဆို ပြန်ကြားနေသမျှ အားလုံးအားလုံး ခင်ဗျားဟာ ဒီနေရာ ဒီအလုပ်နဲ့ သင့်တော်ဆုံးလူပါလို့ အဖြေထုတ် ကောက်ချက်ချနီုင်စေမှာချည်းဘဲ ဆိုတာ ဘယ်တော့မှမျက်ခြည်မပြတ်စေပါနဲ့နော်။
• ခင်ဗျားရဲ့ အရည်အသွေးတွေအရည်အချင်းတွေကို ခင်ဗျားကိုယ်တိုင်ကမှ ထုတ်ဖေါ်ပြသနိုင်စွမ်းမရှိဘဲနဲ့တော့ ခင်ဗျားကို သူတို့ရွေးချယ်ဖို့ ဆုံးဖြတ်ကြမှာမဟုတ်ဘူးနော်၊ ဟင့် အင်း ဟုတ်ကဲ့ ဆိုတာလောက်နဲ့တော့ ခင်ဗျား ဟာသူတို့ရဲ့ စံသတ်မှတ်ထားတဲ့ အချက်တွေကို ပြည့်မီအောင် မလုပ်နီုင်တာသေချာပါတယ်။ အဲဒီတော့ သူတို့မေးသမျှ ကို သိသမျှ ရအောင်ဖြေဆိုပြီး နောက်ထပ်မေးလာမယ့်မေးခွန်းတွေကို စောင့်နေရမယ်ဗျ။
• မေးခွန်းတစ်ခုမေးလိုက်တဲ့အခါ ချက်ခြင်းအဖြေမပေးနီုင်တော့ဘူးဆိုရင် အချိန်နည်းနည်းယူလိုက်ပါ သေချာစဉ်းစားပါ အချက်အလက်တွေကို စဉ်းစားလို့ရနိုင်သလောက် ဆွဲထုတ်စီစဉ်ပါ။ခင်ဗျား ဖြေလိုက်တော့မယ့် အဖြေဟာ မေးခွန်းထုတ်သူတွေလိုလားတဲ့အဖြေမျိုး နဲ့ အနီးစပ်ဆုံးဖြစ်နေလောက်ပြီဆိုမှ ဖြေပစ်လိုက်ဗျာ။
• အကောင်းမြင်ဝါဒနဲ့ အမြဲရှိနေပါ ။ ဒီအင်တာဗျူးကို ပြိုင်ပွဲတစ်ခုလို မှတ်ယူသဘောထားပြီး အကောာင်းဆုံး ယှဉ်ပြိုင်ပစ်လိုက်စမ်းပါ။ မေးလာတဲ့သူတွေကို ဖြစ်နိုင်မျြေားပြီး ခိုင်မာတဲံ အချက်အလက်တွေ ပါဝင်တဲ့အဖြေတွေနဲ့အနိုင်ယူပစ်လိုက်စမ်းပါ.
• မေးပါ ခင်ဗျား နားမလည်းတာတွေ မေးခွန်းမှာပါဝင်လာပြီဆိုရင် ပေါ့ ၊ မေးခွန်းထုတ်နေသူတွေကို နောက်တစ်ခါ ထပ်မေးဖို့ ထပ်ပြောပေးဖို့ တောင်းဆိုရဲစမ်းပါဗျာ၊ ကိုယ်မသိတဲ့ မသေချာတဲ့ အချက်တွေနဲ့ ရမ်းသမ်းပြီး ဖြီးဖြန်းပြောဆိုဖြေကြားရမယ့်အစား သေချာအောင်ထပ်ပြောပြမေးခွန်းထုတ်ခိုင်းလိုက်းပါ
လူတိုင်းနှီးပါးကြောက်တတ်တာကတော့ မင်းကတိရစ္ဆာန် တစ်ကောင်ဖြစ်နေမယ်ဆိုရင် အခုဘယ်မှာရှိနေမှာလည်းဆိုတာပေါ့ ။ ဒီမေးခွန်းက ခင်ဗျား ပြန်ဖြေမယ့် အဖြေစကားလုံးတွေကို အဓိက သိချင်တာမဟုတ်ဘူးဗျ ခင်ဗျားဟာ စိတ်ဆိုးစရာ အစော်ကားခံရတယ်လို့ ယူဆစရာ မေးခွန်းတွေအမေးခံရနေပီ လို့ ထင်လာချိန်မှာ ဘယ်လိုမျိုးတုန့်ပြန်မှာလည်း ဆိုတာ သိချင်တာဗျ

အင်တာဗျူး ခံရမယ့်သူတွေဟာ ရိုးသားဖို့ နဲ့ သူတို့ရဲ့ အပြုသဘောနဲ့အကောင်းမြင်တတ်တဲ့ စိတ် ရှိနေဖို့လိုတယ် ။ ခင်ဗျားရဲ့ အကြီးမားဆုံးသောအားနည်းချက် ဟာဘာလည်း ဆိုတဲ့မေးခွန်းမျိုးမေးလာပြီဆိုပါတော့ ဒီမေးခွန်းဟာခင်ဗျားဟာ အဘက်ဘက်က ပြည့်စုံနေတဲ့သူပါလို့ဖြေဆိုထားတဲ့အဖြေမျိုးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်ဆိုတာ မမေ့စေနဲ့နော် ။
ပြီတော့ ရှိသေးတယ်ဗျ
အင်တာဗျူးတဲံသူတွေ က ခင်ဗျားမှာ ဘာများမေးစရာရှိလည်း ဘာမေးချင်လည်းမေးနိုင်ပါတယ်လို့ ပြောပြီး မေးလေ့ရှိတတ်ပါတယ် ဒါကြောင့်မို့ မေးချင်တာလေးတွေလည်းပြင်ဆင်သွားဗျ
အဲဒီအခါမှာ ကုမဏီအငြောာင်း မေးခွန်းလေးတွေ အလုပ်ရဲ့ သဘောသဘာဝလေးတွေ မေးဗျ
လစာအကြောင်း မမေးနဲ့ နားရက်ဘယ်လောက်ရမလည်း ခံစားခွင့်တွေဘာတွေရှိလည်းဆိုတာမျိုးတွေချည်းဘဲမမေးမိစေနဲ့ဗျ
တစ်ချီု့မေးခွန်းတွေဟာ ဖြေဆိုဖို့ အဖြေပေးဖို့ပေါ့နော် သိပ်ခက်ခဲလာနေပီဆိုရင်တော့ ဒီလိုလုပ်ဗျာ
မေးခွန်းထုတ်နေသူတွေရဲ့နေရာဝင်ပြီး စဉ်းစားကြည့်ဗျ ဘယ်လိုအဖြေမျိုးပေးရင် အ ထင်တကြီးဖြစ်စေမလည်းလို့ပေါ့ဗျာ
အောင်မြင်ပါစေဗျာ။

cover letter ဘယ်လိုရေးမလည်း

COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာ လေးက သင့်ကို ဘာများ ကူညီပေးနိုင်မှာလည်း ဆိုတဲ့ မေးခွန်းလေး ဖြေရတော့မယ် ဆိုရင် ပေါ့ ဗျာ။
ဘာဖြစ်လို့ မင်းကို ငါ အလုပ်ခန့်ရမှာလည်း ဆိုတဲ့မေးခွန်းကို သိသာနေအောင် ဖြေကိုဖြေပေးရတော့မယ်လေ။
ဒီအဖြေက အလုပ်ရှင်တွေရဲ့ အာ၇ုံကို ဆွဲယူနိုင်ပြီး ခင်ဗျားဟာ အလုပ်လျှောက်ထားသူတွေ အားလုံးရဲ့ အထဲမှာ အတော်ဆုံး ဖြစ်နေပြီး လူတွေ့နှုတ်ဖြေ မေးမြန်းတာကို တုန့်ပြန်ဖြေဆိုရတဲ့ အခွင့်အရေးကို ရသင့်သူ ဖြစ်ကြောင်း သိသာစေသင့်တာပေါ့ဗျာ။ ဒီ COVER LETTER ဆိုတဲ့ အလုပ်တောင်းခံပါကြောင်း လျှောက်ထားလွှာလေးက ခင်ဗျား နဲ့ အလုပ်ခန့်မယ့်သူဌေး ဒါမှမဟုတ် သူဌေးရဲ့ကိုယ်စားလှယ်တွေနဲ့ မျက်နှာစုံညီ ဆုံတွေ့ပြီး ခင်ဗျားဟာ အခုလစ်လပ်နေတဲ့ရာထူးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း သူတို့ စိတ်ထဲမှာ ထင်မြင်နိုင်ပါစေ။

YOUR ADDRESS (ဒီနေရာမှာ ခင်ဗျား နာမည်မရေးပါနဲ့နော်)
TODAY’S DATE ဒီနေ့ ရက်စွဲ
Mr./Ms. အလုပ်ရှင်အမည် EMPLOYER’S NAME (မသိရင် သိအောင်ကြိုးစားပါ)
TITLE လျှောက်ထားလိုတဲ့ ရာထူးအမည်
COMPANY’S NAME ကုမ္ပဏီ အမည်
ADDRESS ကုမ္ပဏီလိပ်စာ
DEAR Mr./Ms. EMPLOYER:
ပထမဦးဆုံး စာပိုဒ် : ဒါဟာ ကျွန်တော်က ခင်ဗျားထံ ကို ဘာလို့ဒီစာကိုရေးနေရတာလည်း ဆိုရင် ခင်ဗျားလျှောက်ထားပြီး ခင်ဗျားကိုထည့်သွင်းစဉ်းစားစေ လိုတဲ့အကြောင်းရေးသားဖေါ်ပြတဲ့ စာ ဖြစ်စေမယ်လေ။. ပုံမှန်အားဖြင့်တော့ စာဟာ တိုတောင်းရပါမယ်။
ခင်ဗျား ဘာကြောင့် ဒီစာကိုရေးရတာလည်း ဆိုတာနဲ့ ဘယ်အလုပ်ရာထူးကို လိုချင်တာပါလည်း
• ဒီရာထူးနဲ့ ပတ်သက်ပြီး အလုပ်ခန့်ထားရေးအစီအစဉ် တွေကတဆင့်သိတာလား သင့်အဆက်အသွယ်တွေကတဆင့်သိတာလား ပြောပြဖြေဆိုတဲ့အခါမှာ ဒီလိုတော့ ဘယ်တော့မှမဖြေပါနဲ့နော် အလပ်ပွဲစားတွေကတဆင့် သိရတာပါလို့လေ
• ခင်ဗျားဘာ့ကြောင့်ဒီအလုပ်ရာထူးနဲ့ ဒီအဖွဲ့အစည်းကို စိတ်ဝင်စားရတာလည်း ဆိုတာကို ဘယ်လောက်တောင် လေ့လာပြီးသိအောင်လုပ်ထားရတာလည်း ဆိုတာပြောပြပါ။
• အနှစ်ချုပ် အချက်အလက်လေးတွေနဲ့ အတူ သေသေချာချာပြောပြလိုက်ပါ ဒါ မှမဟုတ်လည်း မသိတာတွေထားလိုက်တော့ အကျိုးမဖြစ်မယ့်အချက်အလက်တွေဆို ဘာမှပြောမနေနဲ့ဗျ။
ဒုတိယ စာပိုဒ် : ‘ဒီစာပိုဒ်ကတော့ ခင်ဗျားသာလျှင် အရည်အချင်းပြည့်မီတယ်ဆိုတာ ရေးပြမယ်လေ။ ခင်ဗျားလျှောက်ထားတဲ့အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အရည်အသွေးတွေ ဖေါ်ပြပေတော့။ အရေးပါမယ်ထင်တဲ့ ခင်ဗျားဖြတ်သန်း ခဲ့တဲ့ အတွေ့အကြုံတွေ ထဲက အချက် ၂ချက် ၃ချက် လောက်ကိုတော့ အစလေး ဆွဲထုတ်ပြထားပေးလိုက်နော် ။ပြီးတော့ ဒီစာပိုဒ် က အရှည်ဆုံး စာပိုဒ်ဖြစ်သလို အလုပ်ရှင် နဲ့ လုပ်ရမယ့်အလုပ် ပေါ်မှာမူတည်ပြီး အမြဲပြောင်းလဲရေးတတ်ဖို့လိုတယ်ဗျ။
ခင်ဗျား ဒီစာပိုဒ် ကို သိပ်ရှည်နေပြီလို့ ထင်လာရင်တော့ စာပိုဒ် ကို ခွဲထုတ် ပေးဖို့ လိုလာပြီပေါ့နော် သတိထားရမှာကတော့ စာပိုဒ်တိုင်း က အကောင်းဆုံး စာသားတွေအချက် အလက်တွေနဲ့ ပြည့်စုံနေရမယ်ဗျ။ Points to ponder:
• ပထမဦးဆုံးစာကြောင်း က မိုက်တီးရဲ့ ရိုက်ချက်ဖြစ်နေရမယ်။အဖွင့်စာကြောင်းက အားလုံးကိုဖွင့်ချဖို့ ( ခင်ဗျားအရည်အချင်းတွေပြောတာ) အဲဒီအချက်တွေက ခင်ဗျားလျှောက်တဲ့အလုပ်ရဲ့ လိုအပ်နေတဲ့ အရည်အချင်းတွေအရည်အသွေးတွေ ခင်ဗျားရေးတာတွေက အလုပ်ကလိုအပ်တဲ့ အချက်တွေနဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်စေရမှာဖြစ်သလို ခင်ဗျား အရည်အချင်းတွေအကြောင်း နိဒါန်း အနေနဲ့ အဖွင့်သဘောမျိုးပြောရမယ်လေ။
• စာပိုဒ်ရဲ့ စာကိုယ်ပိုင်းမှာတော့ ခုနကလေးတင် က မှ ခင်ဗျားပြောခဲ့တဲ့ အကြောင်း အချက်တွေကို အထောက်အပံ့ ဖြစ်စေရမယ် ။အလုပ် ၊ အလုပ်သင်ဘ၀ ၊ သင်တန်းတွေအကြောင်း ၊ပရိုဂျက်တွေအကြောင်း အထူးအလေးပေးဖေါ်ပြပေးရမယ်။ ခင်ဗျားရဲ့ စီဗီ ခေါ်တဲ့ ကိုယ်ရေးအချက်အလက်မှာ ဖေါ်ပြထားမယ့် အချက်တွေ ကို ညွှန်းပေးနီုင်ရမယ်ဗျ။ သတိထားရမှာကတော့ ခင်ဗျားရဲ့ CV ထဲမှာရေးထားတဲ့ အတိုင်း တော့ ထပ်တူမဖြစ်စေနဲ့နော်
• Strong examples are essential ! ခိုင်မာတဲ့ အထောက်အထားနဲ့ ခင်ဗျားရဲ့ တင်ပြချက်တွေက ပြည့်စုံနေဘို့ မရှိမဖြစ်လိုတယ်ဗျနော်။
• နောက်ဆုံး စာကြောင်းကတော့ အပေါ်မှာခင်ဗျားပြောခဲ့ ရေးခဲ့ တာတွေ ရဲ့ အချုပ်ဖြစ်ရမယ် ။ပြီးတော့ ခင်ဗျားရဲ့ ဒီစာကို ဖတ်ြ့ပြီး ရွေးချယ်ဖို့ လုပ်နေသူတွေကို ဖတ်ရတာနဲ့ ခင်ဗျားနဲ့ ဒိအလုပ်ကို ဆက်စပ်ရည်ညွှန်းပေးနိုင်ဖို့ ပြန်ညွှန်းပေးရဦးမယ်လေဗျ။
နောက်ဆုံး စာပိုဒ် ။ ဒီစာပိုဒ်ကတော့ ၀ါကျ အများဆုံးမှ ၂ ကြောင်းကနေ လေးကြောင်းလောက်ဘဲရှိပါစေ။ ဒီမှာ ခင်ဗျားကစာအိပ်နဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ စီဗီ ( ကိုယ်ရေးမှတ်တမ်း )ပြီးတော့ အင်တာဗျူးဆိုတဲ့ လူတွေ့နှုတ်မေးတာကိုဖြေဆိုခွင့်လေးရဖို့ တောင်း ဆိုဖို့ ပါရမယ် သူတို့ စစ်ဆေးမေးမြန်းမယ့်သူတွေ မေးချင်ချင်တဲ့အစီအစဉ်အတိုင်း စီစဉ်ပြီးခေါ်ဆိုမေးမြန်းဗျူးတာတွေ ဖြစ်ချင် ဖြစ်စမ်းပါစေ။ ကျန်သေးတယ်ဗျ ဘာထင်လည်း ၊ ကျေးဇူးတင်စကားပြောဖို့ လေ ။ သူ့အချိန်ကိုအသုံးပြုပြီး ခင်ဗျားကို အလုပ်ခန့်ဖို့ အထိဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်ပေးနေတာကိုလေ၊၊
Sincerely, ရိုးသားစွာဖြင့် ( ဒီအတိုင်းဘဲရေးပါနော် ) ရိုးတယ်တုံးတယ်ထင်နေလည်း ။
လက်မှတ်ထိုးပေးမယ်
ခင်ဗျားရဲ့ နာမည် ရေးမယ်

Loikaw ဗိုင်းရပ်စ် ရှင်းနည်းလေးတစ်ခု

loikaw virus ရှင်းပစ်ချင်သူတွေအတွက် ပါဗျာ

ကျွန်တော့် memory stick ထဲမှာ လွိုင်ကော် ရောက်နေပြီတဲ့ သူငယ်ချင်းက ပြောလာတယ်
ငှားသုံးတဲ့သူငယ်ချင်းကပြောလာတယ် ဒါနဲ့ ဘယ်လိုရှင်းပစ်ရမလည်း ရှာရင်း ထိုင်း ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်ရတဲ့ software လေးတစ်ခုကို စမ်းသုံးကြည့်တာအဆင်ပြေသွားပါတယ်

Loikaw ကို
Update 05/06/2010
Loikaw.exe
Filesize: 244,675 bytes
MD5: EABB037DF4126080B26D2ABFEA51CE9B
SHA-1: F6C1A824B27FCB81976088308900426265DADED4
===================================================
Virus loikaw ၀င်ပြီ ဆိုတာနဲ့ message box မှာဒီလိုမြင်ရမယ်

Welcome to loikaw in kayah
chi thu loikaw kola par nor
write by comput5r3razygirl@gmail.com
“loikaw hacking day” 3D virus for jan

Virus Information.txt အထဲမှာ ဖတ်ကြည့်ရင်

Hi fri “Administrator”
It is nice to meet you . . . .
I ko thi lar, see yin kaw kin mar lar, i ka talk khin tat tal nor . . . .
I ka girl nor, chit mar lar . . . . .
I ka u computer ko bar ma, ma loat par buu khin lo Virus write pi talk sa tar ko , he` he` . . .
Sate so ya buu nor i ka di lo pae` . . . . ya tal ma hote lar I name ko thi chin lar? pyaw pya par buu; bar lo pyaw pya ya mar lae` u ka boy lar, age ka kaw?
i ka 18age girl i gamil ka comput5r3razygirl@gmail.com bye bye . . . luu soe . . . fly kiss . .

————————————————————————
Files created
C:\autorun.inf
C:\Temp.pif
C:\Documents and Settings\[UserName]\Application Data\control.exe
C:\Documents and Settings\[UserName]\Application Data\Microsoft\CD Burning\Mp3.exe
C:\Windows\Loikaw.exe
C:\Windows\Jan.exe
C:\Windows\System32\extramain.exe
C:\Windows\System32\Iexplorer.exe
C:\Windows\%UserName%.exe
MD5: EABB037DF4126080B26D2ABFEA51CE9B
SHA-1: F6C1A824B27FCB81976088308900426265DADED4
————————————————————————
C:\Documents and Settings\[UserName]\Desktop\Virus Information.txt
C:\Documents and Settings\[UserName]\Application Data\Microsoft\CD Burning\autorun.inf

Registry Modifications
Keys Added
HKLM\SOFTWARE\Classes\soesoe
HKLM\SOFTWARE\Classes\soesoe\DefaultIcon
HKCU\Software\Microsoft\Windows\CurrentVersion\Policies\system

Values Added:
HKUM\SOFTWARE\Classes\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}
\DefaultIcon :(Default) = “%System%\winlogon.exe,0”
HKLM\SOFTWARE\Classes\soesoe\DefaultIcon
Default = “%System%\mshearts.exe,0”
HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Run
load = “%Windir%\Loikaw.exe”
* = “%AppData%\control.exe”

Values Midified
HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer
NoFind = 0x00000001
NoFolderOptions = 0x00000001
HKCU\Software\Microsoft\Windows\CurrentVersion\Policies\system
DisableTaskMgr = 0x00000001
DisableRegistryTools = 0x00000001

Value deleted:
HKLM\SOFTWARE\Classes\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\DefaultIcon:(Default) = “%SystemRoot%\Explorer.exe,0”
(C:\WINDOWS\System32\shell32.dll,15)
————————————————————————
Virus : Loikaw.exe (update 05/06/2010) ကို အောက်မှာပြထားတာလေးနဲ့ ရှင်းထုတ်ရအောင်
ချကြည့်ဗျာ ကျွန်တော်ကတော့ ဒါလေးနဲ့ အဆင်ပြေသွားတယ်
————————————————————————

စမ်းကြည့်လိုသူတွေအတွက်ပါ
ဒီမှာဒေါင်းနိုင်ပါတယ်

http://www.mediafire.com/?zutda75l5l18i7k

တယ်လီဖုန်းဆက်သွယ်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များ

တယ်လီဖုန်းဆက်သွယ်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များ
တယ်လီဖုန်းဆက်သွယ်မှုစွမ်းရည်သည်အလွန်အရေးကြီးလှပါသည်။ အဘယ်ကြောင့်အရေးကြီးပါသနည်း။ အောက်ဖေါ်ပြပါအချက်များအားကြည့်ခြင်းဖြင့်သိနိုင်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို ကနဦး ဆက်သွယ်မှု ပြုလုပ်ရာတွင် တယ်လီဖုံး ကို ၈၅ ရာခိုင်နှုံး ထက်ပိုပြီးအသုံးပြုကြသည်။ သို့ပါ၍ တယ်လီဖုန်းဖြင့်အသုံးပြုဆက်သွယ်မှုပြုကြရာတွင် အကျိုးမဲ့အချည်းနှီး မဖြစ်စေရန် လိုအပ်ပါသည်။ မိမိအပါအ၀င် တစ်ဖက်စကားပြောနေသူ များ စိတ်အနှောက်အရှက်မဖြစ်စေရန် လည်း ဂရုစိုက်သင့်သည်။ နှစ်ဦးစလုံး၏ တန်ဘိုးဖြတ်မရသော အချိန် ကို အလဟသမဖြစ်စေရန် တယ်လီဖုန်း ဆက်သွယ်ရာတွင် လိုက်နာစောင့်ထိန်းအပ်သည့် အချက်များ ကို လေ့လာနားလည် သိရှိလိုက်နာကျင့်သုံးသင့်ပါသည်။ တယ်လီဖုန်းအသုံးပြုပြီးစားသုံးသူ၊ ဖေါက်သည်များအား ၀န်ဆောင်မှု ပေးရာတွင်ပိုမို၍ အကျိုးသက်ေ၇ာက်မှု လျင်မြန်စေရန် သတင်းအချက်အလက်များအား လက်ခံရမည့်သူထံ ရှင်းလင်းတိကျစွာပေးပို့နိုင်ရန်နှင့် တယ်လီဖုန်း ခေါ်သူထံမှ ပေးပို့လာသော သတင်း အချက်အလက်များ အား သေချာစွာ လက်ခံရယူရန် လိုအပ်ကြောင်း မည်သူမဆို လက်ခံနိုင်မည်ဖြစ်ပါသည်။

မျက်နှာချင်းဆိုင်ပြောဆိုခြင်းနှင့်အသံဖြင့်သာဆက်သွယ်ပြောဆိုခြင်း ကွာခြားပုံ။
မျက်နှာခြင်း ဆိုင်ပြောဆိုရာတွင် မျက်နှာဟန်ပန်မူရာများမြင်သာသည် စိတ်တွင်းခံစားမှုများကို မြင်သိလွယ်သည် နားထောင်သူ၏အမူအရာကြည့်ရင်း နားလည်မလည် သိသာသည်

အသံဖြင့်ဆက်သွယ်ပြောဆိုသည့်အခါတွင် ကြားရသောအသံအရသာဟန်ပန်အမူအရာကိုခန့်မှန်းရသည် အသံဖြင့်ရှင်းပြပြောပြသလောက်သာ ခန့်မှန်းသိရသည် တစ်ဖက်မှပြန်ပြောပြသလောက်ဖြင့်သာ နားလည်ကြောင်းသိရသည်

ဆောင်ရန်နှင့်ရှောင်ရန်။

ဆောင်ရန်
တတိယအကြိမ်ဖုန်းသံမမြည်ခင် ဖုန်းကိုင်ပေးပါ
သင် ရှိနေသောနေရာကိုပြောပြပါ
နှုတ်ခွန်းဆက်ပါ
ပုံမှန်ထက်အနည်းငယ်နှေးပြီး စကားပြောပေးပါ တည်တည်ငြိမ်ငြိမ်ဖြစ်ပါစေ။
ယဉ်ကျေးပါ်။ကူညီလိုစိတ်ရှိကြောင်းသိသာပါစေ
တစ်ဖက်လူ၏အမည်ကိုခေါ်၍ နှုတ်ခွန်းဆက်ပါယဉ်ကျေးသိမ်းမွေ့စာပြောဆိုပါ
ဖြစ်နိုင်သလောက် မိမိကူညီနိုင်ကြောင်းပြောပါ
ချိုသာသိမ်မွေ့သောအသံဖြင့်ပြောဆိုပါ
ဖုန်းခေါ်သူအားကျေးဇူးတင်ကြောင်းပြော၍ ဖုန်းကိုငြင်သာစွာချပါ
ပြောဆိုလာသောအချက်အလက်များကို ရေးသားပါ
မှတ်သားထားသောအချက်အလက်များကို မှန်ကန်မှုရှိကြောင်း သေချာမှု ရှိ ပါစေ

ရှောင်ရန်

ဟဲလို ဟုသာပြောခြင်းသည်နားထောင်သူအတွက်အဓိပ္ပါယ်မရှိပါ။ မအားလပ်၍ဖြစ်စေ အကြောင်းတစုံတရကြောင့်ဖြစ်စေ လက်မခံနီုင်ခြင်းမှလွဲ၍ ဖုန်းမြည်သံကို ဂရုမစိုက်ဘဲ ထားခြင်းမပြုသင့်ပါ။မိမိကခေါ်ဆိုသည့်အခါတိုင်းတွင်လည်း တယ်လီဖုန်းခေါ်သံ သုံးကြိမ်တိုင်အောင် မြည်နေသော်လည်း လက်ခံပြောဆိုမည့်သူမှ မအားလပ်သောကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ လက်ခံပြောဆိုမှု မပြုလုပ်နိုင်ပါက တယ်လီဖုန်း ခေါ်ဆိုခြင်းအား ယာယီ ရပ်ဆိုင်ပေးသင့်ပါသည်။ သို့မှသာ တစ်ဖက်သူသည် မိမိလက်ခံပြောဆိုမှုမပြုနီုင်မီ ဆက်တိုက် ကျယ်လောင်စွာ မြည်နေသော ဖုန်းသံကြောင့်စိတ်အနှောက်အယှက်ဖြစ်စေမည်မှာ သေချပါသည်။
တစ်ဖက်သူမှ ဒေါသစိတ်ဖြင့်ပြောဆိုလာလျှင် စိတ်မထိန်းနိုင်ခြင်း၊တစ်ဖက်လူ၏စကားမဆုံးမီ တုံ့ပြန်ပြောဆိုခြင်း၊ဘာမှပြောဆိုခြင်းမရှိဘဲတစ်ဖက်လူအား စောင့်ဆိုင်းနေစေခြင်း၊
ဘာမှမပြောဘဲ ဖုန်းချသွားခြင်းလက်ခံနားထောင်မှတ်သားပြီးသည်နှင့် ပြောသူ၏အမည်နှင် ဖုန်းနံပါတ်ကို မမေးဘဲဖုန်းချပစ်လိုက်ခြင်း၊အော်ဟစ်ပြောဆိုခြင်း၊ဖုန်းခွက် ကိုကြမ်းတမ်းစွာချခြင်း။ဆောင့်ချခြင်း
သတင်းအချက်အလက်များကို စိတ်ဖြင့်မှတ်သားခြင်း၊သင်သိနားလည်လိုက်သည့် အချက်အလက်များ မှန်ကန်ကြောင်း တစ်ဖက်လူအားမမေးဘဲ ဖုန်းချပစ်ခြင်း စသည်များကို လုံးဝရှောင်ရှားသင့်ပါသည်။

Hygienic handling of foods

Hygienic handling of foods
၁. ပုပ်သိုးလွယ်သည့်အစားအစာများကို အအေးခန်း၊ ရေခဲသေတ္တာစသည့်တို့တွင်ထားပါ။ ၁၀ံဃ (သို့) ယင်းထက်နိမ့်ကျသောအပူချိန်တွင် သိုလှောင်ထားပါက ရောဂါပိုးများ ပွားများနှုန်းကို လျော့ပါးစေပါသည်။

၂. အအေးခန်းရေခဲသေတ္တာတို့မှ ထုတ်ယူလာသည့် သားငါးသီးနှံတို့ကို မချက်ပြုတ်မီအေးခဲနေသည် များကိုပြန်ပျော်အောင်ပြုလုပ်ပါ။ သားငါးသီးနှံများသည် ချက်ပြုတ်ရာတွင် အပူညီမျှစွာရရှိရန်လို အပ်သည်။ ထိုသို့မရပါက အချို့အစိတ်အပိုင်းများတွင် ရောဂါပိုးများကျန်ရှိနေမည် ဖြစ်ပါသည်။

၃. အေးခဲရာမှပြန်ပျော်အောင်ဆောင်ရွက်ရာတွင် ထွက်လာသည့်အညစ်အကြေးရည်များအားလုံးကို စွန့်ပစ်ရန်နှင့် အအေးခန်းတွင်းရှိစင်များ၊ ရေခဲသေတ္တာအတွင်းရှိဗန်းများ၊ စားပွဲမျက်နှာပြင်များ နှင့် စားဖိုဆောင်သုံးကိရိယာတန်ဆာပလာတို့ကို စင်ကြယ်စွာဆေးကြောပါ။ ၎င်းင်းရေများတွင် ရောဂါပိုးများခိုအောင်းနေတတ်ပါသည်။

၎. သားငါးသီးနှံတို့ကို သေသေချာချာချက်ပြုတ်ပါ။ လုံလောက်သောအပူချိန်ပေး၍ ချက်လျှင်ရောဂါ ပိုးများသေပါသည်။ ၇၀ံဃအနည်းဆုံးရရှိရမည်။ မီးညီညီမျှမျှရစေရန်သတိပြုပါ။ သံသယရှိပါက ပြဒါးတိုင်ဖြင့်စစ်ဆေးပါ။

၅. ချက်ပြုတ်ပြီးသမျှအစားစာများအားအနည်းဆုံး ၆၀ံဃထိပူနွေးနေပါစေ။ ၆၀ံဃအောက်လျော့နည်း သောအပူချိန်တွင် ရောဂါပိုးများပေါက်ဖွားနိုင်သည်။ အသင့်သုံးဆောင်မည့် စားသောက်ဖွယ်ရာ မှန်သမျှ ပူနေပါစေ (သို့) ချက်ချင်းအေးရန် ပြုလုပ်ပါ။

၆. ချက်ပြုတ်ပြီးစားသောက်ဖွယ်ရာတို့ကိုပြန်နွေးပါ။ ၇၀ံဃ ခန့်အနည်းဆုံးရရှိသည့်မီးဖြင့်ပြန်နွေးပါ။

၇. ပုပ်သိုးလွယ်သည့်သားငါးစိမ်းများကိုအအေးခန်းရေခဲသေတ္တာစသည့်တို့တွင်ကြာရှည်စွာသိုလှောင် မထားသင့်ပါ။ အချို့ရောဂါပိုးတို့သည် အေးနေသည့်အခါတွင်ပင် ပေါက်ဖွားနိုင်စွမ်းရှိသဖြင့်ကြာ ရှည်စွာသိုလှောင်မထားသင့်ပါ။

၈. ချက်ပြီးသောစားသောက်ဖွယ်ရာများနှင့် သားစိမ်းငါးစိမ်းများကို သီးခြားစီခွဲထားပါ။

၉. ချောင်းဆိုး၊ နှာချေမိပါက ပါးစပ်နှာခေါင်းစသည့်တို့ကို ဖုံးကာထားပါ။ ကျန်းမာနေသူတစ်ဦး နှာခေါင်း နှင့် လည်ချောင်းအတွင်း၌ အဏုဇီဝပိုးမွားများသည်သဘာဝအလျောက်ရှိနေပါသည်။ ထိုကြောင့်နှာချေ၊ ချောင်းဆိုးပါကစက္ကူလက်သုတ်ပ၀ါဖြင့်နှာခေါင်းနှင့်ပါးစပ်ကိုပိတ်ပါ။ ထိုစက္ကူ ကိုလွှင့်ပစ်ပါ။ လက်များကိုစင်ကြယ်စွာ ဆေးကြောပါ။

၁၀.စားဖိုဆောင်သို့ဝင်လျှင် ဆံပင်ကို ဖုံးအုပ်ကာကွယ်ထားပါ။

Manual for performance evaluation process

ဝန်ထမ်းအရည်အသွေးအကဲဖြတ်အမှတ်ပေးလုပ်ငန်းစဉ်
နိဒါန်း
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာန ( Human Resources Department ) မှာ အလုပ်လုပ်နေသူတိုင်း အချိန်တန်လျှင် မဖြစ်မနေ လုပ်ဆောင်ရမည့် ( Performance Appraisal )၀န်ထမ်းအရည်အသွေး အကဲဖြတ်မှတ်တမ်းပြုစုခြင်း ဆိုသောလုပ်ငန်းစဉ် ကို မလွှဲမရှောင်သာ ပြုလုပ်ဆောင်ရွက်ရမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ကျွန်တော် တာဝန်ထမ်းဆောင်နေသည့် ဟိုတယ်တွင် တစ်နှစ်လျှင် ၂ ကြီမ် လုပ်ဆောင်ရပါသည်။ ထိုသို့ လုပ်ဆောင်သည့်အခါတိုင်း ကြုံတွေရသည့် ပြသနာ အခက်အခဲလေးများ အားလျှော့နည်းသွားစေရန်ရည်ရွယ်ပြီးယခု ကဲ့သို့ ရေးသားပြုစုခဲ့ပါသည်။ ကျွန်တော်၏ ဟိုတယ်တွင် လက်စွဲအဖြစ် ကြီးကြပ်ရေးမှူးအဆင့်မှအထက် အရာရှိကြီးငယ်ဟူသမျှ ဖတ်ရှုပြီး ပိုမို နားလည်သဘောပေါက်စွာဖြင့် လက်အောက်ဝန်ထမ်းများ၏ အခြေအနေကိုအမှန်အတိုင်း ဖေါ်ထုတ်သိရှိပြီး လိုအပ်သလို လေ့ကျင့်ပေးခြင်း သင်ယူလေ့လာစေခြင်း။အပြောင်းအလဲပြုလုပ်ပေးခြင်း ၊ စသည်ဖြင့် လုပ်ငန်းကို အောင်မြင်ပျော်ရွှင်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်စေရေးအတွက် ရည်ရွယ်ရေးသားပြုစုခဲ့ခြင်းဖြစ်ပါသည်။

အမှာ

ကျွန်ုပ်တို့နေ့စဉ် လုပ်ဆောင်ရန်နှင့်လိုက်နာရန် စည်းကမ်းချက်များနှင့်ပတ်သက်၍ ကုမ္ပဏီအသီးသီးလက်အောက်ရှိ စက်ရုံအလုပ်ရုံများ၊ အရောင်းဆိုင်များ၊ ဟိုတယ်များ အားလုံးတူညီသောအချက်အလက်များမှာ လုပ်ငန်းမှ ရည်ညွန်း သတ်မှတ် ထားသည့်စံနှုန်း ပြည့်မီခြင်း၊ ရှေ့သို့တိုးတက်ကျော်လွန်အောင်မြင်ခြင်း၊လုပ်ငန်းအောင်မြင်နိုင်ရန်လိုအပ် သော အရည်အသွေး ရှိခြင်းတို့ဖြစ်ကြသည်။
ထိုကြောင့်ဌာနအသီးသီးတို့သည် ပြိုင်ဆိုင်ကြခြင်းဖြင့် မိမိအတွက်လည်းကောင်း၊ ဌာနအတွက်လည်းကောင်း အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ကြရသည်။ ဆောင်ရွက်ရသောလုပ်ငန်းများ ရလဒ်ကောင်းမွန်စေရန် အတွက်စစ်ဆေးမေးမြန်းခြင်း၊ အကဲဖြတ်အမှတ်ပေးမှတ်တမ်းတင်ခြင်းဖြင့် (လုပ်သားအပေါ်တန်ဘိုးဖြတ်ခြင်း) တိုင်းတာ စစ်ဆေးမှုများပြုလုပ်ရသည်။
လုပ်သား၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်တန်ဘိုးဖြတ်ခြင်း ဟူသည်မှာ ထုတ်ပြန်ထားသောစည်းကမ်းများ လိုက်နာ ဆောင်ရွက်နိုင်ခြင်း၊ လုပ်သားစွမ်းဆောင်ရည်ပြည့်ဝမှုအနည်း နှင့်အများပေါ်မူတည်၍ သက်ဆိုင်ရာဌာနအကြီးအကဲများ နားလည်စွာဆုံးဖြတ်နိုင်မှု၊ တိုးတက်ကောင်းမွန်စေမှု၊ ဘက်လိုက်မှုများအားပြုပြင်နိုင်ခြင်း၊ ဌာနတွင်းပိုမိုချောမွေ့ ကောင်းမွန် စေခြင်း တို့ဖြစ်ပေါ်စေပါသည်။အကဲဖြတ်အမှတ်ပေးခြင်းသည်ရာထူးပြောင်းလဲ ခြင်း၊ လစာတိုးမြှင့်ခြင်း၊ဌာနပြောင်းရွေ့ခြင်း၊ နှုတ်ထွက်စေခြင်းစသည်ဖြင့်ဝန်ထမ်းနှင့် ပိုမိုနီးစပ်လာစေပါသည်။
အကဲဖြတ်အမှတ်ပေးခြင်းသည် စည်းကမ်းလိုက်နာခြင်းဟုလက်ခံရမည်ဖြစ်၏။ စီးပွားရေးလုပ်ငန်းကြီးကြပ်မှု အသီးသီးမှ အကဲဖြတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်းသည် စီးပွားရေးလုပ်ဆောင်ရာ၌အရေးကြီးသောသော့ချက်ဖြစ်သည်။ စည်းကမ်း လိုက်နာရန်မည်သို့ဆောင်ရွက်ရမည်၊ မည်သို့ကာကွယ်စောင့်ရှောက်ရမည်၊ တိုးတက်အောင်မြင်အောင်မည်သို့ ဆောင်ရွက်ရမည် စသည်တို့ဖြစ်သည်။

မာတိကာ
– အကဲဖြတ်ရာ၌ ဖြည့်စွက်ရမည့်အချက်များ
– အကြီးအကဲ၏တာဝန်ယူနိုင်စွမ်း
– အကဲဖြတ်ခြင်းနှင့်ပတ်သက်သောလမ်းညွှန်ချက်
– အကဲဖြတ်အမှတ်ပေးခြင်းနှင့်ပတ်သက်၍အဓိပ္ပါယ်ရှင်းလင်းချက်
– အကဲဖြတ်အမှတ်ပေးရာ၌ထည့်သွင်းစဉ်းစားရမည့်အချက်များ
– ပုံမှန်အခြေအနေမှခွဲထွက်နေသောဝန်ထမ်းအားအမှတ်ပေးရာတွင်လိုက်နာလုပ်ဆောင်ရန်ညွှန်ကြားချက်

အကဲဖြတ်ရာ၌ဖြည့်စွက်ရမည့်အချက်များ။

၁။ စည်းကမ်းလိုက်နာမှု၊အရည်အသွေးပြည့်ဝမှုတို့ဖြင့် ပိုမိုဆောင်ရွက်နိုင်စေခြင်း၊
၂။ လိုအပ်သောရည်မှန်းထားသည့်အချက်အလက်များအားဝန်ထမ်းများအားနားလည်သဘောပေါက်စေခြင်း၊
၃။ မိမိရရှိထားသောရာထူးနှင့်သင့်လျှော်မှုရှိခြင်း၊
၎။ ၀န်ထမ်း၏တိုးတက်မှုအခြေအနေသုံးသပ်ဆုံးဖြတ်ရန်၊လိုအပ်လျှင်ပြန်လည်ပြုပြင်သုံးသပ်ရန်၊
၅။ ဦးဆောင်ညွှန်ကြားသူများနှင့်ဝန်ထမ်းအားနီးစပ်စေခြင်း၊
၆။ လုပ်ငန်း၏အရည်အသွေးအားအမှန်တကယ်မြင်ခြင်း၊
၇။ မိမိဌာန၏အလုပ်အခြေအနေအားသိရှိနားလည်ခြင်း၊အကြီးအကဲညွှန်ကြားပေးသည်များကိုလက်ခံဆောင်ရွက်နိုင်ခြင်း၊

အကြီးအကဲ၏တာဝန်ယူနိုင်စွမ်း

၁။ အမှတ်ပေးအကဲဖြတ်မည့်အကြီးအကဲသည် မိမိဝန်ထမ်းအားအသေးစိတ်အချက်အလက်များအပါအ၀င် ၀န်ထမ်း
အကြောင်း ၀န်ထမ်းနှင့်ပတ်သက်သည့်အကြောင်းအရာအချက်အလက်များအား သိရှိရမည်။
၂။ အမှတ်ပေးအကဲဖြတ်ရာ၌ပုဂ္ဂိုလ်စွဲမဖြစ်စေရ၊ မပါရှိစေရပဲအလုပ်ဖြင့်သာသက်သေပြစေရမည်။
၃။ တရားမျှတမှုရှိစေရမည်။
၎။ အမှတ်ပေးအကဲဖြတ်မည့်အကြီးအကဲသည်ဝန်ထမ်းများ၏စိတ်နေသဘောထားကိုသိ ရှိနားလည်နိုင်စွမ်းသူဖြစ်ရမည်။
၅။ အလုပ်တခု၏အကျိုးအပြစ်ကိုခွဲခြားသိမြင်နိုင်စွမ်းသူဖြစ်ရမည်။
၆။ အမှတ်ပေးအကဲဖြတ်မည့်အကြီးအကဲသည် မိမိဝန်ထမ်းနှင့်ရင်းနှီးပွင့်လင်းမှုရှိစွာဖြင့် အကဲဖြတ်အမှတ်ပေးရမည်
ဖြစ်ပြီး ပြုပြင်ရန်ရှိသည်တို့ကိုနည်းမျိုးစုံဖြင့်ပြုပြင်နိုင်စေ ရမည်။
၇။ အမှတ်ပေးအကဲဖြတ်မည့်အကြီးအကဲသည် သက်ဆိုင်သည့်လိုက်နာရန်စည်းကမ်းအားလုံးကိုသိရှိနားလည်နေရမည်။

အကဲဖြတ်ခြင်းနှင့် ပတ်သက်သောလမ်းညွှန်ချက်
သက်ဆိုင်ရာဌာနများလွယ်ကူစွာဆောင်ရွက်နိုင်ရန်ဝန်ထမ်းရေးရာဌာနမှအမှတ် ပေးစည်းမျဉ်းစည်းကမ်း၊ ပုံစံအားလုံးကိုသတ်မှတ်ပိုင်းခြားထားသည့်အချိန်ကာလအတွင်း ဌာနများသို့ပေးပို့သွားမည်ဖြစ်သည်။

၁။ အမှတ်ပေးအကဲဖြတ်ရာ၌သတ်မှတ်ထားသောစနစ်ကျစံချိန်မီပုံစံကိုသာသုံးစွဲခြင်းဖြင့်အကျိုးအမြတ်တူညီမှုရရှိနိုင်မည်ဖြစ်သည်။
အလွန်ကောင်းအဆင့် (၁၀-၉) ၀န်ထမ်းအားလုံး၌အတော်ဆုံးအကောင်းဆုံးဖြစ်ခြင်း။
ကောင်းသည့်အဆင့် (၈-၇) သတ်မှတ်အတိုင်းအတာပြည့်မီအဆင့်အထိလိုက်နာဆောင်ရွက်နိုင်ခြင်း။
အသင့်အတင့် (၆-၅) သတ်မှတ်ရည်မှန်းချက်အတိုင်းအတာပြည့်မီရန်အတွက် အနည်းငယ်ပြုပြင်ပေးရန်လိုအပ်ခြင်း။
အသင့်အတင့်ထက်နည်း (၄-၃) ပြုပြင်မှုလုပ်ပေးရန်လိုအပ်ခြင်း၊အလုပ်၌သုံး၍ရရုံအဆင့်သာရှိခြင်း။
ညံ့သည့်အဆင့် (၂-၁) သတ်မှတ်ရည်မှန်းချက်စံချိန်ထက်နိမ့်သောအဆင့်၊ကျေနပ်ဖွယ်ရာမရှိသည့်အဆင့်။

အထက်ပါအဆင့်များအတိုင်းအမှတ်ပေးပြီး၊ ၀န်ထမ်းများအားသိရှိနားလည်လက် ခံကြောင်းလက်မှတ်ရေးထိုး အတည်ပြု စေရမည်ဖြစ်သည်။

၂။ ဌာနအတွင်းရှိဝန်ထမ်းများအားအမှတ်ပေးရာအချိန်တိုင်းအခါတိုင်းတွင်၎င်းဝန်ထမ်း သည်လုပ်ငန်း၏ ပြန်လည်ပြုပြင် တိုးတက်လာမှုများ၊ လျော့နည်းသွားမှုများရှိလာခဲ့ပါလျှင် ၎င်းဝန်ထမ်းအားအလုပ်၌နေရာချထားမှု၊ တာဝန်ထမ်းဆောင်မှု၊ မှန်ကန်စေနိုင်ရေးအတွက် စဉ်းစားရမည်။

၃။ ဌာနအကြီးအကဲများမှအမှတ်ပေးရာတွင်ဘက်လိုက်ခြင်းမရှိစေရပဲ၊ တရားမျှတမှုရှိစေရမည်။ ထိုကြောင့် အကြီးအကဲများ သည် မိမိဝန်ထမ်းများအပေါ်စေတနာထားရှိခြင်း၊၀န်ထမ်း များ၏အရည်အသွေးကိုပြည့်ဝစေခြင်း၊ မိမိဌာနရှိဝန်ထမ်းများ မိမိအပါအ၀င် အလုပ်၏ အရည်အသွေးပြည့်ဝစွာဆောင်ရွက်နိုင်ခြင်းရှိရမည်။

အကဲဖြတ်အမှတ်ပေးခြင်းနှင့်ပတ်သက်၍အဓိပ္ပါယ်ရှင်းလင်းချက်

၁။ လုပ်ငန်းသဘောနားလည်ခြင်း။
ဝန်ထမ်းသည်မိမိဆောင်ရွက်နေသောအလုပ်(သို့) အခြားအလုပ်တခုခုအားနား လည်မှုရှိမရှိသုံးသပ်ခြင်း၊
အလုပ့်အရည်အသွေးပြည့်ဝစွာတာဝန်ထမ်းဆောင်နိုင်ခြင်း၊ကျွမ်း ကျင်စွာတာဝန်ယူဆောင်ရွက်နိုင်ခြင်း။
၂။ အလုပ်ကိုချောမွေ့ပြေပြစ်စွာဆောင်ရွက်နိုင်ခြင်း။
သတ်မှတ်ထားသောစံချိန်စံညွှန်းပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်း၊ ရာနှုန်းပြည့် အမြဲမခိုမကပ်ဆောင်ရွက်ခြင်း၊
အလုပ်မှန်ကန်မှုရှိခြင်း။
၃။ တာဝန်ယူနိုင်မှု။
မိမိအားပေးအပ်သောတာဝန်ကိုသွက်လက်စွာ၊ စိတ်ပါဝင်စားစွာဖြင့်အကောင်း ဆုံးအနေအထားရအောင်
ဆောင်ရွက်ထမ်းဆောင်နိုင်ခြင်း။
၎။ အလုပ်ချိန်မှန်ကန်ခြင်း။
မိမိနားရက်မှတပါးအလုပ်ပျက်ကွက်ခြင်း၊ နောက်ကျခြင်းမျိုးမရှိခြင်း၊အလုပ်ချိန် ကိုဂရုစိုက်ခြင်း။
၅။လုံ့လ၀ီရိယရှိခြင်း။
မည်သည့်အလုပ်တွင်မဆိုစိတ်ပါဝင်စားစွာအထူးကောင်းမွန်အောင် အမြဲဆောင် ရွက်တတ်ခြင်း။
၆။ ရိုးသားဖြောင့်မတ်ခြင်းနှင့်ယုံကြည်စိတ်ချရမှု။
အများ၏ချီးကျူးမှုခံယူနိုင်ရလောက်အောင်ယုံကြည်စိတ်ချရမှုရှိခြင်း။
၇။ ဌာနအကြီးအကဲ၊လုပ်ဖေါ်ကိုင်ဖက်များနှင့်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း။
လုပ်ဖေါ်ကိုင်ဖက်များနှင့်လည်းကောင်း၊မိမိလုပ်ငန်းဌာနအတွင်းစည်းလုံးညီညွတ် မှုရှိစွာနေတတ်ခြင်း၊ ဌာနအကြီးအကဲများ၊လုပ်ငန်းခွင်ကြီးကြပ်ဆောင်ရွက်သူများ၊လုပ်ဖေါ် ကိုင်ဖက်အခြားဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိခြင်း။
၈။ စိတ်နေသဘောထား၊အမူအကျင့်နှင့်စည်းကမ်းလိုက်နာသူ။
ထုတ်ပြန်ထားသောစည်းကမ်းများ၊ သတိပေးကြေငြာချက်များ၊ မူဝါဒများကိုအမြဲ ရိုသေလေးစားလိုက်နာခြင်း။
၉။ အလုပ်နှင့်ပတ်သက်သောနည်းသစ်များကိုလက်ခံနိုင်စွမ်းရှိခြင်း။
လွယ်ကူသည်ဖြစ်စေ၊ခက်ခဲသည်ဖြစ်စေမည်သည့်အလုပ်မျိုးကိုမဆိုလေ့လာ သင်ကြားတတ်မြောက်နိုင်ခြင်း။
၁၀။ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း။
မိမိဆောင်ရွက်နေသောအလုပ်ကိုပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်သည့်နည်းလမ်းများကို တီထွင်အသုံးပြုနိုင်ခြင်း။
၁၁။ ကြီးကြပ်ညွှန်ကြားနိုင်စွမ်းနှင့်ဖေးမတွဲခေါ်နိုင်စွမ်းရှိခြင်း။
လုပ်သားများအားကြီးကြပ်ညွှန်ကြားနိုင်ခြင်း၊ဖေးမတွဲခေါ်နိုင်သည့်အရည်အချင်း မျိုးနှင့်ပြည့်ဝခြင်း၊ ၀န်ထမ်းများမှ
လေးစားယုံကြည်အားကိုးလောက်သည့်တရားမျှတမှုနှင့် ပြည့်စုံခြင်း။
၁၂။ လမ်းညွှန်မှုပေးနိုင်ခြင်း၊လက်အောက်ငယ်သားများအားသင်ပြပေးနိုင်မှုရှိခြင်း။
တိုးတက်မှုအတွက်စိတ်ပါဝင်စားစွာဦးဆောင်မှုပေးနိုင်ခြင်း။
၁၃။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနှင့်အလုပ်ခွင်ပြဿနာများအားဖြေရှင်းနိုင်စွမ်းရှိခြင်း။
ပြဿနာတစုံတရာဖြစ်ပွားပါကချက်ခြင်းပြေပြစ်ချောမောစွာဆုံးဖြတ်ဖြေရှင်းနိုင် ခြင်း။

အကဲဖြတ်အမှတ်ပေးရာ၌ ထည့်သွင်းစဉ်းစားရမည့်အချက်များ

ဝန်ထမ်းအားမိမိတို့လုပ်ငန်းအလိုက်ရည်ညွှန်း၍စံနှုန်းသတ်မှတ်ထားရှိသည့်အဆင့် သို့ရောက်ရှိကြောင်းနှင့် မိမိအားကြီးကြပ်သူမှညွှန်ကြားဦးဆောင်ရာအတိုင်းလိုက်နာဆောင် ရွက်ခြင်းကြောင့်ပိုမိုကောင်းမွန်လာကြောင်း အသိပေး အကြောင်းကြားနိုင်ရမည်။

ဖြည့်စွက်ရန်အချက်များ
၁။ ၀န်ထမ်းသည်၎င်းင်းအားမည်သည့်နေရာတွင်တာဝန်ချထားသည်ကိုသိစေရမည်။
၂။ မိမိယူထားသောတာဝန်အကြောင်းကြီးကြပ်ကွပ်ကဲသူမှသိစေရမည်။
၃။ လုပ်ငန်းကြီးကြပ်သူသည်မည်သည့်အချက်အလက်၊မည်ကဲ့သို့ညွှန်ကြားရမည်၊မည်ကဲ့ သို့ပြုပြင် ကာကွယ်နိုင်သည်
ကိုသိရမည်။
၎။ လုပ်ငန်း၏ကြီးကြပ်ကွပ်ကဲသူနှင့် ၀န်ထမ်းတို့ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
၅။ ၀န်ထမ်းသည်မိမိ၏အလုပ်၌ကျေနပ်နှစ်ခြိုက်မှုရှိရန်ဆောင်ရွက်ပေးရမည်။
၆။ လုပ်ငန်း၏အရည်အသွေးပြည့်ဝသောဝန်ထမ်းများဖြစ်လာအောင်နှင့်ဟိုတယ်ဖွံ့ဖြိုး လာအောင်ဆောင်ရွက်နိုင်ရမည်။

အကဲဖြတ်အမှတ်ပေးရာ၌စဉ်းစားဆင်ခြင် ရမည့်အချက်များ
၁။ ဌာနအကြီးအကဲသည် ဘက်မလိုက်ပဲစိတ်ထားဖြူစင်စွာဆောင်ရွက်နိုင်စွမ်းရှိရမည်။
၂။ ၀န်ထမ်းအကဲဖြတ်အမှတ်ပေးလမ်းညွှန်စာအုပ်ပါအတိုင်းပြောဆိုရှင်းပြဆောင်ရွက်နိုင်ရမည်။ အပြောအဆိုဆင်ခြင်ရမည်။
၃။ သိသာထင်ရှားသည့်အထောက်အထားများလိုအပ်လျှင်ထုတ်ပြနိုင်ရမည်။
၎။ ပြဿနာတစုံတရာကိုဖြေရှင်းရာ၌ ၀န်ထမ်းအားသိစေရန်မှာမိမိတို့ဌာနအတွက်မည်ကဲ့သို့အကျိုးရှိကြောင်း၊ a
ကောင်းလျှင်ကောင်းကြောင်း၊မကောင်းလျှင်မကောင်းကြောင်း ပြောပြနိုင်ရမည်။
၅။ ပြတ်သားတိကျစွာဆုံးဖြတ်ရာ၌၀န်ထမ်းသည်မိမိအတွက်မည်ကဲ့သို့အကြိမ်ကြိမ်ပြုပြင် သော်လည်း
စွမ်းဆောင်နိုင်စွမ်းမရှိခြင်း။
၆။ ဌာနအကြီးအကဲကိုယ်တိုင်အကဲဖြတ်အမှတ်ပေးရသည့်ဖြစ်၍ကိစ္စ၊ပြဿနာဖြေရှင်းရာ ၌ကိုယ်တိုင်ပါဝင်ဖြေရှင်းရမည်။

ပုံမှန်အခြေအနေမှခွဲထွက်သောဝန်ထမ်းအားအမှတ်ပေးရာတွင်လိုက်နာလုပ်ဆောင် ရန်ညွှန်ကြားချက်။
အကယ်၍အောက်ပါဝန်ထမ်းများအရည်အသွေးပြည့်ဝသူများဖြစ်လာစေရန် အတွက်မည်သို့ပြုပြင်ရမည်နည်း။

၁။ သဘောပေါက်ရန်ခက်ခဲသူ
စစခြင်းတိကျပြတ်သားစွာဖြေရှင်း၍မရ၊ မိမိအားနားလည်သဘောပေါက်နိုင် အောင်အကြိမ်ကြိမ်အခါခါအချိန်ပေး၍ သွန်သင်ဆွဲဆောင်ရမည်။ ၎င်းသည်လုပ်ငန်း၌ ကြာရှည်စွာထမ်းဆောင်နေသူ(သို့)ပင်ကိုယ်စိတ်ကြောင့်သော်လည်းကောင်း၊ အကြောင်း အမျိုးမျိုးကြောင့်သော်လည်းကောင်း၊ နားလည်သဘောပေါက်လက်ခံနိုင်မည်ဟုယူဆ၍ မရသော်လည်း တာဝန်ယူပြီး မိမိအပေါ်သဘောပေါက်နိုင်အောင်ကြိုးစားရမည်။အဘယ် ကြောင့် ၎င်းးမှလက်ခံနိုင်မှုမရှိကြောင်း ကို ယေဘုယျ ဆန်းစစ်ရန် လိုအပ်ပြီး၊အမှတ်ပေးခြင်း အားလက်မခံခြင်း၊ ကျေနပ်မှုမရှိခြင်းတို့နှင့်ပတ်သက်၍စဉ်းစားရမည်။

၂။ လွယ်ကူစွာလက်ခံတတ်သူ
အမှားအမှန်ကိုလွယ်ကူစွာလက်ခံတတ်သူသည် စိတ်ပါ၍ဖြစ်သည် (သို့)မရေရာသည့်မှန်ကန်မှုမျိုးမဖြစ်စေရပါ။ မိမိအားအငြိုးထားမည်ကိုစိုးရိမ်၍လက်ခံခြင်းမျိုးဖြစ်ခဲ့ပါ လျှင်မည်သည့်နည်းဖြင့်ဖြစ်စေအကျိုးအကြောင်းပြဖြေရှင်းနိုင်ရမည်။ ၀န်ထမ်းများ၏ နားလည်သဘောပေါက်မှုသည်တဆင့်ပြီးတဆင့်ဝန်ထမ်းအချင်းချင်းပိုမိုနီးစပ်မှုရှိလာစေ
ရန်ရည်ရွယ်၍ပြုပြင်ပေးခြင်းများအလေးပေးပြုလုပ်ရမည်။

၃။ စိတ်တိုတတ်သူ
မိမိပြောဖို့ချည်းသက်သက်ထက်ပို၍နားထောင်နိုင်ရန်ကြိုးစားရမည်။၎င်းင်းစိတ်ထဲရှိသမျှ ပြောသည်ကိုဆုံးအောင်နားထောင်ပါ။ စကားဆုံး၍ရပ်သွားသည်နှင့် ၎င်းပြောသမျှကိုမှတ် မိနေသည်ကိုပြနိုင်ရမည်။ အခွင့်အရေးရသည်နှင့်ဝန်ထမ်းနှင့်ရင်းနှီးပွင့်လင်းစွာနွေးထွေး သည့်ဆက်ဆံမှုပြုလုပ်ပြောဆိုဆက်ဆံရမည်။ ရက်အနည်းငယ်ကြာသောအခါဝန်ထမ်းအား ခေါ်၍စကားပြောရန် နှင့် ၎င်းင်းဝန်ထမ်းနှင့်ထပ်မံ၍ရင်းနှီးစွာ အကျိုးအကြောင်းဆွေးနွေး ပြောဆိုနိုင်ရမည်။အကယ်၍၀န်ထမ်းစိတ်မတည်မငြိမ်ဖြစ်နေလျှင်ငြင်းခုံမှုမဖြစ်ပွားအောင် ကြိုးစားပြီးနားထောင်ပေးရမည်။ပြုပြင်မှုမရှိခဲ့လျှင်ထပ်ခေါ်ပြီးစကားပြောရမည်။ဤအကြိမ် တွင်ဝန်ထမ်းသည် နားထောင်သူဖြစ်ရမည်။ပြီးနောက်၎င်းင်း၏ပြုပြင်ရန်လိုအပ်သည့်အရာ များကိုမည်ကဲ့သို့ပြုပြင်နိုင်ကြောင်း နည်းပေးလမ်းပြပြောပြပေးရမည်။

၎။ နှုတ်ဆိတ်နေတတ်သောဝန်ထမ်း
မည်သည့်အကြောင်းကြောင့်ကြောက်သွားခြင်း၊ တစ်မျိုးဖြစ်သွားခြင်းနှင့်၎င်း ၏စိတ် အခြေအနေ ပုံမှန်အတိုင်းရှိမရှိ သုံးသပ်ရန်၊ မေးခွန်းကိုမဖြေမီစဉ်းစားနိုင်ရန်အချိန်ပေးရ မည်။ ၀န်ထမ်းသည် မည်သည့်အရာ မည်သည့်အလုပ် အား အထူး စိတ်ဝင်စားမှုရှိသည်ကိုကြိုးစား ဖေါ်ထုတ်၍ ၀န်ထမ်း၏အမြင်သဘောကိုသိအောင်ကြိုးစားရန်၊ တစ်ကြိမ်နှစ်ကြိမ်ထက်ပို၍ အချိန်ပေးပြီး ၀န်ထမ်းနှင့်ပြောဆို ဆွေးနွေးရန်ဖြစ်ပါသည်။
၅။ ကြောက်တတ်သောဝန်ထမ်း
ဝန်ထမ်းကို သူ့အလိုအလျှောက် လွှတ်ပေးထားရန် နှင့် သူ ကျွမ်းကျင်နားလည်သည့် အကြောင်းပြောဆိုရန်ဖြစ်သည် ။ ကြောက်ရွံ့ခြင်းကင်းစေရန်နှင့် ၄င်းအားပြောလိုသည်ကို ပြောနီုင်ရန် အခွင့်အရေးပေးပြီးပြောရမည်။ လုပ်ဆောင်ခဲ့ပြီးသော အလုပ်အကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးရမည်။

A thousand splendid suns

ခါလက် ဟိုစိနီ ရဲ့ နောက်ထပ် ဖတ်ကောင်းလို့အပြောများနေတဲ့ စာအုပ်သစ်လေး တစ်အုပ်ပါ

စာမြည်းလေးတွေဖတ်ကြည့်ရအောင်လား


"Look at me, Mariam."
Reluctantly, Mariam did.
Nana said, "Learn this now and learn it well, my daughter: Like a compass needle that
points north, a man's accusing finger always finds a woman. Always. You remember
that, Mariam."

LstNana'S account of the day that she gave birth to Mariam, no one came to help. It
happened on a damp, overcast day in the spring of 1959, she said, the twenty-sixth year
of King Zahir Shah's mostly uneventful forty-year reign. She said that Jalil hadn't bothered
to summon a doctor, or even a midwife, even though he knew thatthejinn might enter
her body and cause her to have one of her fits in the act of delivering. She lay all alone
on thekolba's floor, a knife by her side, sweat drenching her body.
"When the pain got bad, I'd bite on a pillow and scream into it until I was hoarse. And
still no one came to wipe my face or give me a drink of water. And you, Mariam jo, you
were in no rush. Almost two days you made me lay on that cold, hard floor. I didn't eat
or sleep, all I did was push and pray that you would come out."
"I'm sorry, Nana."
"I cut the cord between us myself. That's why I had a knife."
"I'm sorry."

You 're afraid, Nana,she might have said.You 're afraid that 1 might find the happiness
you never had. And you don 'i want me to be happy. You don't want a good life for me.
You 're the one with the wretched heart

ဒီမှာ ဒေါင်းယူပါခင်ဗျား


Analytical Thinking သရုပ်ခွဲဆန်းစစ်ခြင်း

သရုပ်ခွဲဆန်းစစ်ခြင်း

သရုပ်ခွဲဆန်းစစ်ခြင်းဟူသည် တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ခု (သို့) အကြောင်း အရာ ဖြစ်ရပ် တစ်ခုခုအား စတင်ဖြစ်ပွား ပေါ်ပေါက်ပုံ၊ မည်သည့် အချက်အလက်များဖြင့် ဖွဲ့စည်းထားသနည်း၊ မည်သည့်နည်းဖြင့် ဖွဲ့စည်း ထားသနည်း။ မည်သို့ မည်ပုံ ဆက်သွယ်နေကြသနည်း ဆိုသည်ကို ပိုမို ရှင်းလင်းတိကျသော အနက်အဓိပ္ပါယ်ကို သိရှိလို၍ ခွဲခြမ်းစိတ်ဖြာ လေလာဆန်းစစ်ခြင်းပင် ဖြစ်သည်။

သရုပ်ခွဲဆန်းစစ်ခြင်း၏ ရည်ရွယ်ချက်။
လေ့လာလိုခြင်း။ စစ်ဆေးကြည့်ရှုလိုခြင်း၊ အဖြေရှာလိုခြင်း၊ အဓိပ္ပါယ် ဖေါ်ထုတ် သတ်မှတ်လိုခြင်း။ ဖွင့်ဆိုရှင်းပြလိုခြင်၊ နားလည်အောင်အားထုတ်ခြင်း၊ ဆက်နွယ် ဆက်စပ် ဖြစ်တည်ပုံကို စူးစမ်းရှာဖွေလိုခြင်း၊ မှန်ကန်စွာ အကဲဖြတ်နိုင်ရန် အတွက် တိကျ မှန်ကန်သော အချက်အလက် အထောက်အထား ရှာဖွေလိုခြင်း။

သရုပ်ခွဲဆန်းစစ်ခြင်း၏ အကျိုးရလဒ်။
ရာထူးအမြင့်မားဆုံး အဆင့်အတန်းမှသည် အနိမ့်ဆုံးလုပ်သား အဆင့်အတန်း အထိ သရုပ်ခွဲ ဆန်းစစ်ခြင်းဖြင့် အကျိုးရလဒ် များစွာကို ရရှိစေသည်။ သရုပ်ခွဲ ဆန်းစစ်ခြင်းကို လက်နက်ကိရိယာ တစ်ခုသဖွယ် အသုံးပြု၍ နေရာဌာနမျိုးစုံ၊ အဆင့် အတန်းမျိုးစုံ အတွက် အကျိုးရှိစေသည်။
စီးပွားရေးကဏ္ဍတွင်ဖြစ်စေ၊ နိုင်ငံရေကိစ္စများတွင်ဖြစ်စေ၊ ပြသန်တစ်ရပ်ရပ် ကိစ္စ တစ်ခုခုအား ဖြစ်ပွားပေါ်ပေါက် ရခြင်း၏ အကြောင်းကို ပိုမိုသိရှိနားလည် စေသည်။ ထိုသို့ဖြစ်ပွားခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များ အပြင် နောင်အခါ အနာဂါတ်တွင် ဖြစ်ပွားပေါ်ပေါက်လာနိုင်သည်များကို ခန့်မှန်းသိရှိ နိုင်ခြင်းအားဖြင့် မလိုလားအပ်သည့် ဖြစ်ရပ်ကိစ္စများ ဖြစ်ပေါ်မှု မရှိစေရန် ကြိုတင်ကာကွယ် တားဆီးနိုင်ခြင်း မူဝါဒ၊ နညှ်းှဗျူဟာများ ချမှတ်ပေးနိုင်ခြင်း တို့အား ပြုလုပ်နိုင်စေပါသည်။
သုတေသနလုပ်ငန်းများတွင် သရုပ်ခွဲဆန်းစစ်ခြင်းသည် လုပ်ငန်းစဉ်၏ နှလုံး တစ်ခုသဖွယ် အချက်အလက်များ၏ ဆက်စပ်ပုံ၊ အကြောင်းတစ်ရားများနှင့်အကျိုး သက်ရောက်မှုများ၊အကြောင်အရာတစ်ခုအား လေ့လာပြီး အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ပျံ့ကြဲနေသော အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးလျှင် ကောက်ချက် ချရာ၌ များစွာအကျိုးရှိစေပါသည်။
သတင်းများနှင့် ပတ်သက်၍ သရုပ်ခွဲဆန်းစစ်ရာ၌ နေ့စဉ်ဖြစ်ပွားသော ဖြစ်ရပ်များ အား မျက်မြင်ဖြစ်ရပ်များနောက်ကွယ်မှ ဖြစ်ပွားစေရန်တွန်းအားပေးသည့် အချက်အလက်များ၊ ဖြစ်ပွားပေါ်ပေါက်နေသည့် အခြင်းအရာအား သိရှိရုံသက်သက် မဟုတ်ဘဲ မည်သည့် အကြောင်းအရာများက ဤကိစ္စကို ဖြစ်ပွားစေသနည်း၊ ဖြစ်ပွားလာနိုင်သည့် အကျိုးအဆက်များ၊ ဖြစ်ပွားလာခြင်းမရှိစေရန် မည်သို့တားဆီး ကာကွယ်နိုင်မည်နည်း စသည့် အကျိုးများရရှိစေပါသည်။
အရာဝတ္ထုများ၊ ပစ္စည်းကိရိယာများအား ဆန်းစစ်လေ့လာခြင်းဖြင့် မည်သည့် အရာများဖြင့် စုပေါင်းဖွဲ့စည်းထားသည် မည်သို့မည်ပုံ ဆက်စပ်ပူးပေါင်း အလုပ်လုပ် ဆောင်ကြသည်ကို လေ့လာသိရှိခြင်းဖြင့် သုတေသနပြုသူများ ပညာရှင်များသည် ပိုမို အကျိုးရှိစေသော အရာများကို ဖန်တီးစေနိုင်ပါသည်။
အဆိုပြုချက် တစ်ခုခုကို ဆန်းစစ်ရာတွင် အကြောင်းအရာ တစ်ခု၏ဆိုလိုရင်း အဓိပ္ပါယ်အား ဖေါ်ပြထားသည်နှင့် နိဂုံးချုပ် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့အား နှိုင်းယှဉ်ခြင်း၊ အဆိုပြုချက်အား ခိုင်မာစေသော အထောက်အထား၊ အကြောင်းပြချက် ကိုးကားချက် များအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် အဆိုပြုချက်၏ အမှန်အမှားအား ဆန်းစစ် သိရှိနိုင်ခြင်း စသည့် အကျိုးရရှိစေနိုင်ပါသည်။

သရုပ်ခွဲဆန်းစစ်မှုအရည်အသွေး

သရုပ်ခွဲဆန်းစစ်နိုင်သည့် အရည်အသွေးသည် ကျွန်တော်တို့အားလုံးအတွက် စဉ်းစား တွေးခေါ်ရာတွင် အခြေခံ အကျဆုံးဖြစ်ပြီး အနာဂါတ်တွင် အကောင်းဆုံး အနေအထားဖြင့် ဖြတ်သန်းသွားနိုင်စေရန်အတွက် ဘ၀ကိုလေ့လာသိရှိရန် ကြိုးစား ရာတွင် အရေးပါကြောင်းသိရှိ နိုင်ပါသည်။ သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းများပြုလုပ်ရာတွင် ပိုမိုထိရောက်လာစေနိုင်ပြီး မှားယွင်းစွာ ဆုံးဖြတ်လုပ်ဆောင်ချက်များ နည်းပါး သည်ထက် လျှော့နည်းစေနိုင်ခြင်း ကြောင့် ကျွှန်တော်တို့အားလုံး သရုပ်ခွဲ ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည်ပိုမို ကောင်းမွန် လာစေရေးအတွက် ဆောင်ရွက်သင့်ပါသည်။
သရုပ်ခွဲဆန်းစစ်မှု အရည်အသွေးဟူသည် တစ်စုံတစ်ရာ ဖြစ်စေ၊ အကြောင်းအရာ တစ်ခုခုဖြစ်စေ၊ ယင်းအား သေးငယ်သော အစိတ်အပိုင်းများအဖြစ် ခွဲထုတ်ပစ်ပြီး ၄င်းတို့ အခြင်းခြင်း မည်သို့ မည်ပုံ ဆက်နွယ်နေကြကြောင်း သိရှိရအောင် လေ့လာခြင်း အားဖြင့် ပြဿနာ (သို့) အကြောင်းအခြင်းအရာ တစ်ခု၏ ဖြစ်ပွားပေါ်ပေါက်ရသည့် အကြောင်ရင်းအချက်များအား ဆန်းစစ်လေ့လာနိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။

သရုပ်ခွဲဆန်းစစ်နိုင်သည့်အရည်အသွေး၏မူလအခြေခံအချက်များ
ဆိုလိုရင်းအဓိပ္ပါယ်ရှင်းလင်းဖေါ်ပြနိုင်ခြင်းစွမ်းရည်၊

ကျွန်တော်တို့သည် ဦးဆုံးပေါင်းစုဖွဲ့စည်းဖြစ်ပေါ်သည့် အချက်အလက်များအား သိရှိနားလည်ခြင်းမရှိပါက မှန်ကန်စွာ သရုပ်ခွဲ ဆန်းစစ်နိုင်ခြင်းရှိမည် မဟုတ်ပေ။
ဆိုလိုရင်းအဓိပ္ပါယ်အား ဖေါ်ပြရှင်းလင်းခြင်းဟူသည် ကျွန်တော်တို့ သရုပ်ခွဲ ဆန်းစစ်လိုသည့် အခြင်းအရာအား သေချာစွာ နားလည်ရန် ကြိုးစားခြင်း၊ တိုက်ရိုက် အဓိပ္ပါယ် ဖေါ်ပြခြင်းမရှိဘဲ သွယ်ဝိုက် အဓိပ္ပါယ်များသာ သိရှိနားလည်နိုင်သည့် အချက်များစုပေါင်း၍ ဖွဲ့စည်းနေမှုအား နားလည်ရန်ကြိုးစားခြင်း၊ တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြထားသည်ထက်ကျော်လွန်၍ စဉ်းစားတွေးခေါ် အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြ နိုင်ခြင်း၊ ၄င်းအချက်များအား သရုပ်ခွဲဆန်းစစ်မည့် အကြောင်းခြင်းရာများတွင် အခြေခံမှစ၍ စဉ်းစားဆန်းစစ်ခြင်း ပင်ဖြစ်သည်။
ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် စံနှုန်းများဖြင့် ဆုံးဖြတ် ချက်ချမှတ် ပေးလေ့ရှိသည်။ အဓိပ္ပါယ်သတ်မှတ်ဖေါ်ပြရာတွင် ပုဂ္ဂိုလ်များ၏ အရည် အသွေးအလိုက် အတွေ့အကြုံနှင့် တန်းဘိုးထားမှုပေါ် မူတည်၍ ကွဲလွဲမှုများ ရှိနိုင်ပါသည်။
ဥပမာ…..

အသိပညာဖြင့်အဓိပ္ပါယ်ရှင်းလင်းဖေါ်ပြခြင်း
ဝန်းထမ်းရေးရာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူသည် ၀န်ထမ်း အရည် အသွေး အကဲဖြတ် အမှတ်ပေး မှတ်တမ်းပုံစံပေါ်ရှိ ရမှတ်များကို တွေ့မြင်ပြီးသည်နှင့် အခြေအနေအားလုံးကို သိမြင်နားလည်ပြီး ဖြစ်နေပြီဖြစ်သည်။ ဥပမာ – ၀န်ထမ်း သည် တစ်ဦးတည်း လုပ်ဆောင်စဉ်က အကျိုးသက်ရောက်မှုသည် အသင်းအဖွဲ့နှင့်အတူ လုပ်ဆောင်စဉ်ကထက်များနေသည်ကို တွေ့ရသည်နှင့် ၄င်းဝန်ထမ်း၏အမှား (သို့) ကျွမ်းကျင်မှု လျှော့နည်းနေခြင်း (သို့) အသင်းအဖွဲ့ဦးဆောင်သူ၏ ပြဿနာ (သို့) အသင်းနောက်လိုက်များ၏ ပြဿနာ၊ မည်သည့်အတွက်ကြောင့် ဆိုသည်ကို ၄င်း၏ မှတ်ဥာဏ်အရ အဓိပ္ပါယ် ဖေါ်ထုတ်နိုင်သည်။

အတွေ့အကြုံအားဖြင့်အဓိပ္ပါယ်ဖေါ်ထုတ်ခြင်း
ကျွန်တော်တို့သည် မိမိတို့၏ အလုပ်ရှင်ပြုံးနေသည်ကို တွေ့ရသည်နှင့် ကိုယ်ဟန်မူရာ၊ မျက်နှာ အနေအထား၊ ပြင်ပသွင်ပြင်လက္ခဏာကို မြင်တွေ့ရ သည်နှင့် အတွေ့အကြုံးများအရ ကောက်ချက်ချနိုင်သည်မှာ အလုပ်ရှင်သည်စိတ်ချမ်းသာ ပျော်ရွှင်နေကြောင်းနှင့် လူတစ်ဦးစုတ်ပြဲ ညစ်ထေးနေသော အ၀တ်အစားဝတ်ဆင် ထားသည်ကို တွေ့သည်နှင့် ၄င်းသည် ဆင်းရဲသည့်လူဖြစ်ကြောင်း ကောက်ချက်ချ နိုင်ကြပေသည်။

ရေးသားမှတ်တမ်းတင်ထားသည့်အချက်အလက်အားဖြင့်အဓိပ္ပါယ်ဖေါ်ထုတ်ခြင်း
စာရေးသားသူသည် မည်သည့်အချက်ကို အလေးပေးထားသည်၊ မည်သည့် အတွက်ရေးသားထားသည်၊ မည်သည့်အရာကို ရှင်းလင်းစွာ သဘောပေါက် နားလည် စေလိုသည်၊ မည်သည့်အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာပေးသည်၊ သွင်ပြင် လက္ခဏာကို ဖေါ်ထုတ်ပေးသည် (သို့) စာရေးသူ၏ ကမ္ဘာလောကနှင့် ပါတ်သက်ပြီး ၄င်းခံယူထားသည့် အတွေးအမြင်များကို ဖေါ်ထုတ်နားလည်စေသည်။ ဥပမာ – အကြောင်းအရာ အများစုအား မကောင်းသည့် ရှုထောင့်မှနေ၍ အပြစ်အနာအဆာများ၊ ဒုက္ခ၊ ပြဿနာများ၊ အဆိုးများကိုသာ ရှာဖွေရေးသားတင်ပြထားသည်ကို တွေ့ရလျှင် ၄င်းသည် အဆိုးမြင်ဝါဒသမား ဖြစ်ကြောင်းသိနိုင်သည်။
ဆိုလိုရင်းအဓိပ္ပါယ်ဖေါ်ပြရာတွင် ကောင်း/မကောင်း ဟူသည် လူတစ်ဦးစီ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ကြောင်းကျိုးဆက်နွယ် နားလည်နိုင်စွမ်းရည် တို့အပေါ်တွင် အခြေတည်ထားသည့် စံနှုန်းပေါ်တွင် မူတည်ပြီး ကွဲပြားနိုင်ပါသည်။

သရုပ်ခွဲဆန်းစစ်ရန်အတွက်လိုအပ်သော ဗဟုသုတနှင့်စွမ်းရည်

အကြောင်းအရာတစ်ခုကို ဝေဖန်ဆန်းစစ်သရုပ်ခွဲလိုပါက ထိုအကြောင်းအရာနှင့် ပတ်သက်သည့် ဗဟုသုတ ရှိသင့်သည် ဗဟုသုတ (သို့) သိသင့်သိထိုက်သည်များကို သိရှိနားလည် ထားခြင်းသည် သရုပ်ခွဲဆန်းစစ်ရာတွင် များစွာ အထောက်အကူပြုနိုင် သည်။ ထိုအကြောင်းအရာ အချက်အလက်သည် ဘာနဲ့သက်ဆိုင်သလဲ၊ ဘယ်အချက် အလက်တွေနဲ့ ဖွဲ့စည်းထားတာလဲ၊ ဘယ်နှစ်မျိုးလောက် ကွဲပြားနေသလဲ၊ အရေးကြီး တဲ့ အချက်အလက်တွေကို ဘယ်လိုအဆင့်လိုက် စီစဉ်ထားသလဲ၊ ဘယ်အကြောင်း ကြောင့်ဖြစ်လာတာလဲ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဆန်းစစ်လေ့လာနိုင်ပါသည်။
သရုပ်ခွဲဆန်းစစ်ရာတွင် ကျွန်တော်တို့သည် မိမိတို့ သရုပ်ခွဲဆန်းစစ်မည့် အကြောင်းအရာနှင့် ပါတ်သက်၍ သိရှိနားလည်ထားခြင်း မရှိပါက၊ ဗဟုသုတ မရှိပါက အကျိုးအကြောင်း ဆင်ခြင်ရာတွင် သင့်လျှော်မှန်ကန်မှုရှိနိုင်ပါ။ ထိုအကြောင်း အရာနှင့် ပတ်သက်သည့် ဗဟုသုတများ၊ အသိများကို စဉ်းစားဆင်ခြင်ရာတွင် အသုံးပြု ရပါမည်။ ဗဟုသုတမရှိခဲ့လျှင် ကျွန်တော်တို့ ဆန်းစစ်ဝေဖန် နိုင်မည်မဟုတ်ပေ။ ဥပမာ- ထိုင်းနိုင်ငံစီးပွားရေး အခြေအနေ ပြန်လည်ဦးမော့လာနိုင်ခြင်း မရှိခဲ့သော် ထိုင်းနိုင်ငံသည် မည်သည့်အနေအထားရောက်နေမည်လည်းဆိုလျှင် ကျွန်တော်တို့ အနေဖြင့် စီးပွားရေးသမားများ၊ ဘောဂဗေဒပညာရှင်များ မဟုတ်ကြပါက ထိုအကြောင်းအရာနှင့် ပါတ်သက်ပြီး ဗဟုသုတမရှိ၍ မည်သို့ဖြစ်နေမည်ဟု ပြောနိုင်၊ ကောက်ချက်ချနိုင်မည်မဟုတ်ပေ။

အမြင်သန်သူဖြစ်ခြင်း၊ သံသယထားတတ်သူဖြစ်ခြင်း၊ မေးခွန်းထုတ်တတ်ခြင်း
သရုပ်ခွဲဆန်းစစ်မည့်သူသည် အထက်ပါသုံးချက်စလုံးအား ဆန်းစစ်ဝေဖန် ရာတွင် ပေါင်းစပ်ငသုံးပြုတတ်ရမည်။ ပုံမှန်အတိုင်းမဟုတ်ဘဲ မှားယွင်းလွဲချော် နေသည်များကို တွေ့လျှင် ပစ်မထားဘဲ အကြောင်းရင်းကို ရှာဖွေဖေါ်ထုတ်မည်။ ပြီးလျှင်မေးခွန်းထုတ်ပါ၊ ဖြစ်ပေါ်နေသည့် အကြောင်းခြင်းရာနှင့် ပတ်သက်ပြီး မိမိကိုယ်တိုင်ကိုရော အခြားသူများကိုပါ မည်သည့် အတွက်ကြောင့် မည်သည့် အကြောင်းကြောင့်ဤသို့ ဖြစ်ပေါ်နေရသည်ကို သိရှိအောင် မေးခွန်းထုတ်ပြီး ပိုမို ရှင်းလင်းသိမြင်အောင် ကြိုးစားအားထုတ် ရပါမည်။
ထိုသို့ သရုပ်ခွဲဆန်းစစ်နိုင်ရန်အတွက် မေခွန်းထုတ်ရာတွင် 5 W 1 H ဟု အလွယ် တကူမှတ်သားနိုင်သည်၊
WHO – ဘယ်သူလဲ
WHAT – ဘာလဲ
WHERE – ဘယ်နေရာမှာလဲ
WHEN – ဘယ်အချိန်လဲ
WHY – ဘာကြောင့်လဲ
HOW – ဘယ်လိုလဲ
ဤအချက်အားလုံးကို သုံးရမည်ဟု မဆိုလိုပါ။ မိမိဝေဖန်ဆန်းစစ်လိုသည့် အကြောင်းအရာအား ပိုမိုရှင်းပေါ်လင်စွာ နားလည်သိရှိလာနိုင်ရေးအတွက် မေးခွန်း ထုတ်နိုင်ရေးအတွက် လိုအပ်သည့် အချက်ကိုသုံးရန်ဖြစ်သည်။

အကျိုးအကြောင်းဆင်ခြင်စဉ်းနိုင်သည့်စမ်းရည်
သရုပ်ခွဲဆန်းစစ်လေ့လာမည့်သူသည် အကြိုးအကြောင်းဆက်စပ်ဆင်ခြင် စဉ်းစားနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ သို့အတွက် အောက်ပါအချက်အလက် များအတိုင်း စဉ်းစားဆင်ခြင်နိုင်ပါသည်။
– မည်သည့်အရာကဤအကြောင်းအရာကို ဖြစ်ပွားစေသနည်း
– ထိုအကြောင်းအရာသည် မည်သည့်အကြောင်းအရာနှင့် မည်သို့ဆက်နွယ် နေသနည်း
– မည်သူများဆက်နွယ်နေသနည်း၊ မည်သို့ဆက်နွယ်နေသနည်း
– ဤကိစ္စဖြစ်ပွားသည်နှင့် မည်သည့်အကျိုးဆက်များ၊ အကျိုးသက်ရောက်မှုများ ဖြစ်ပွားလာနိုင်သနည်း
– ဖြစ်ပွားစေသည့် အချက်အလက်များ
– ဖြစ်ပွားလာအောင်မည်ကဲ့သို့ အကြောင်းဆုံလာသနည်း
– မည်သည့်နည်းနှင့်ဖြစ်ပွားပုံ
– မည်သည့်အကြောင်းချက်များ ပေါင်းဆုံစုစည်း၍ ဖြစ်ပွားသနည်း
– ဖြေရှင်းနိုင်သည့်နည်းလမ်းများ ဘာတွေရှိမလဲ
– ဆက်လုပ်ရင်၊ဆက်လက်ဖြစ်ပွားနေရင် အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်သလဲ
– ဖြစ်ပွားပေါ်ပေါက်နေတဲ့ အကြောင်းခြင်းရာကိစ္စနဲ့ ပါတ်သက်ပြီး ဦးနှောက်ကို စွမ်းအားရှိသမျှ အကျိုအကြောင်း ဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင်စေမည့် အခြားမေးခွန်းများ

သရုပ်ခွဲဆန်းစစ်လေ့လာမည့်သူသည် အကျိုးနှင့်အကြောင်းဆက်စပ်ဆင်ခြင် နိုင်စွမ်း ရှိရန်လိုပြီး မည်သည်ကအစစ်အမှန် မည်သည်ကအတုအယောင်၊ မည်သည့် အသေးစိတ် အချက်အလက်များက မည်သို့မည်ပုံ ဆက်စပ်ဆက်နွယ် နေကြပုံကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ဥပမာ – 3 dimension သုံးဖက်မြင် ရုပ်လုံးကြွ ရုပ်ရှင်ကြည့်သူများအတွက် အထူးစီမံတီထွင်ထားသည့် မျက်မှန်မတပ်ဘဲ ကြည့်ပါက ဘာမျှမသိရနိုင်ဘဲ မျက်မှန်တပ်ကြည့်သော အခါမှသာ အသေးစိတ်က အစ ရုပ်လုံးကြွတက်နေပုံကို မြင်ရမည်ဖြစ်သည်။ ရုပ်ပုံတွင်ပါဝင်သော အသေးစိတ် အချက်အလက်များ မည်သို့မည်ပုံ ဆက်စပ်ပြီး ပုံဖေါ်နေကြသည်ကို သိမြင်နိုင်ပါသည်။ အာရုံ၌မြင်ရသည့် မျက်မြင်အနေအထားနှင့်နောက်ကွယ်တွင် ရှိနေဖြစ်နေသည့် အကြောင်းအရာများအား အကျိုးအကြောင်း ဆက်စပ် သိမြင်စေနိုင်ပါသည်။
သရုပ်ခွဲဆန်းစစ်ခြင်းအားဖြင့် ကျွန်တော်တို့အား အချက်အလက်အမှန်များအား သိရစေသည်။ ဖြစ်ပြက်သည့် အကြောင်းအခြင်းအရာ၏ နောက်ကွယ်ရှိ အကြောင်း တရားများအား သိရှိစေသည်၊ ဖြစ်ပုံပြက်ပုံကို နားလည်စေသည်၊ မည်သည့် အကြောင်းအရာ အချက်အလက်များဖြင့် စုပေါင်းဖွဲ့စည်းထားကြောင်း သိစေသည်။
ဘာကိုဘာမှန်း သိစေပြီး ပြဿနာတစ်ခု အကြောင်းအရာတစ်ခုအား အကဲဖြတ်ရာတွင် လည်းကောင်း၊ ပြဿနာဖြေရှင်းမည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း အမှန်တရားနှင့် နီးစပ်စေပါသည်။