ဝါသနာ ဆန္ဒ အရရေးသားခြင်းဖြစ်ပြီး အများအတွက် အကျိုးတစ်ခုခုတော့ ရှိစေရန်ရည်ရွယ်ပါသည်

Posts tagged “သူများရေးတဲ့ကဗျာ

ခြင်္သေ့ အိပ်မက်

ကျွန်တော်နှစ်သက်သောကဗျာလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်
ရေးသူအမည်ကတော့ လင်းဝေ ပါ ခုနှစ်ကိုတော့ မမှတ်မိပါဗျ
မှတ်မိသူများရှိရင်လည်း ကူညီပြောပေးကြပါဦး

ခြင်္သေ့အိပ်မက်

မျှော်လင့်ချက်ကင်းစွာ
ဘယ်သူမနက်လင်းချင်မှာလဲ
မျက်နှာမသစ်ခင်
အပြစ်ဟောင်းများသတိရ
ဟေ့လူ …..နောင်တ ဆိုတာတရားဝင်ရဲ့လား။
အသန့်ရှင်းဆုံး ကလေးငယ်လိုပြုံးနိုင်ရင်
ရှုံးနိမ့်ခြင်းအတွက်
မျက်ရည်မလိုအပ်ပါ။
ဘဝတဲ့…….
ငါ့ဖို့ရေတစ်ခွက်
ငါ့လက်နဲ့ဘဲခပ်ရမယ်
တောင်ဝှေးမထောက် ဆေးပြားမသောက်ခင်အိမ်မက်
သိင်္ဂီရွှေခွက်နဲ့ထိုက်ရမယ်။
အလို ……..
ယုံကြည်ချက်ဆိုဘဲ
လူကိုအတောင်တပ်ပေးလိုက်ပေါ့။
ဘာယူမှာလဲ
ဘာပေးမှာလဲ
ခပ်ဝေးဝေးက မေးခွန်းလက္ခဏာ
အဲဒါ
အနာဂတ်ဖြစ်တယ်။