ဝါသနာ ဆန္ဒ အရရေးသားခြင်းဖြစ်ပြီး အများအတွက် အကျိုးတစ်ခုခုတော့ ရှိစေရန်ရည်ရွယ်ပါသည်

Posts tagged “အတွေးအရေး

ပစ္စက္ခ ရဲ့ တဒင်္ဂ လွင့်မျောရာ

တွေဝေနေတဲ့အခိုက်အတန့်လေးမှာ

အသိတရားကို ကြိုးစားလို့ ထိန်းချုပ်ထားဟေ့

အမှန်တရားဆိုတဲ့အလင်းကို

ကြီးမားတဲ့အမိုက်မှောင်ကလွှမ်းမိုးထားသလား

အရှိန်အ၀ါတွေရဲ့ ဖိစီးမှုအောက်က

ရုန်းထွက်လွတ်မြောက်ရအောင်ဟေ့

နှလုံးသားတောင်းဆိုသမျှ

ဦးနှောက်ရဲ့ ညှာတာကင်းမဲ့ ဆုံးဖြတ်ချက်အောက်မှာ

အမြဲတိမ်မြုပ်နေသွားသင့်တယ်လား

ကြိတ်မှိတ်လို့နေရတာဘဲ

စွန့်ဝံ့တယ်ဆိုပေမယ့်

အခြေအနေကသတိတဲ့

ဆန္ဒတွေ သောင်းပြောင်း

စိတ်တွေလေမှာလွင့်မျောလို့

အတွေးအခေါ်မဲ့များနေပြီလား

ဆန်းစစ်ကြည့်ပါဦးကွယ်

ရှုပ်ထွေးမှုကပိုလို့ နက်နဲစေ

တည်ငြိမ်ရက်နဲ့ မုန်တိုင်းထန်နေပြီ

အံကြိတ်လို့ မျိုသိပ်နေရတယ်

ပြောလို့တော့မရဘူး

မထင်မှတ်ဘဲဖြစ်သွားတတ်တာအများကြီး၊။

အဆုံးအစမသိရတဲ့ အနေအထားမှာ

တွေဝေမှုက မိုက်မဲစေသလား

လွင့်ပါးလို့သွားပြန်ပြီဟေ့

မသိလို့တော့မဟုတ်

မတတ်နိုင်တာဘဲလား

ပြောပြမတတ်တော့ဘူးကွယ်

ကံကြမ္မာကိုဘဲအပြစ်ဖို့နေရမှာလား

ဆုံးရှုံးသွားပြီလား…….

ဟုတ်တော့ ဟုတ်သလိုဘဲ

ဒါဆိုရင်လည်းအဆုံးဆိုတာရဲ့ ဟိုး …..တစ်ဖက်မှာပေါ့

မျှော်လင့် မရဲဘူးကွယ်

ရင်ထဲတလှပ်လှပ်နဲ့

အသည်းထိတ်နေမိတယ်ကွာ

အခြေအနေကလျော့တိလျော့ရဲနိုင်လွန်းတယ်

စိတ်နှလုံးဒုံးဒုံးချလို့

ပြတ်သားပြရဲလားဆိုတော့လည်း

ခံစားမှု ကင်းမဲ့သွားသလိုဘဲ

ဘယ်လိုလည်း

ဘယ်လိုမှန်းလည်း

မသိတော့ဘူး

အလင်းရောင်ကမှိန်ဖျော့ဖျော့နဲ့

အမှောင်ထုထဲ

နစ်သထက်နစ်သွားမယ်ထင်ရဲ့

ဆောက်တည်ရာမရ ဖြစ်နေတာလား

ဟင့်အင်း

တိမ်ဖုံးနေလို့ မသာတဲ့ လ ပါ

ချမ်းမြေ့မှုတွေပျောက်ဆုံးလို့

သာယာမှုလည်းကင်းမဲ့

အလင်းရဲ့ တန်ဘိုး

ဘယ် နေရာဘယ်အချိန်လိုမျိုးမှ သိကြမှာလည်း

အဖြေရှာရင်း

ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေရဲ့နောက်မှာ

ဘယ်လိုဖြစ်နေမယ်ထင်လည်း

ဘယ်လိုရှိနေမယ်ထင်လည်း

အကောင်းအဆိုးကတော့

ဒွန်တွဲနေမှာပါဘဲ

ဝေခွဲလို့မရတော့ဘူးကွယ်

ငါ စိတ်ကူးယဉ်လိုက်မိတယ်ပေါ့။